သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Obama ကို တရုတ်သတင်းစာ ချိုးနှိမ်ဝေဖန်


အမေရိကန်သမ္မတ Barack Obama ဟာ ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတခုတက်ဖို့ တရုတ်နိုင်ငံဆီ ရှေ့သီတင်းပတ်မှာပဲ သွားရောက်ဖို့ ရှိနေချိန်မှာပဲ တရုတ်အစိုးရပိုင် ထင်ရှားတဲ့ သတင်းစာတစောင်က သူ့ကို ဝေဖန် ရေးသားလိုက်ပါတယ်။ အိုဘားမားဟာ သူ့တာဝန်ကို ပေါ့ပျက်ပျက်လုပ်တဲ့ ထိရောက်မှုမရှိတဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်ဆိုပြီး Global Times သတင်းစာ အယ်ဒီတာ့ အာဘော်မှာ ရေးထားတာပါ။

အမေရိကန်လွှတ်တော်ရဲ့ ကြားကာလ သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ အထက်အောက် လွှတ်တော်နှစ်ရပ်စလုံးကို ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်နိုင်လိုက်အပြီး နာရီပိုင်းအတွင်းမှာပဲ အဲဒီ အယ်ဒီတာ့အာဘော် ထွက်လာတာပါ။

မစ္စတာအိုဘားမားဟာ သူ့ကိုထောက်ခံသူတွေ မျှော်လင့်သလောက် ဖြစ်မလာဘဲ အသစ်အဆန်းမပါတဲ့ သူ့ရဲ့စကားတွေအပေါ် အမေရိကန်လူထုက စိတ်ပျက်နေကြပြီလို့ The Times အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။ အဲဒီသတင်းစာရဲ့ အယ်ဒီတာ့ အာဘော်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့အာဘော်ကို ထင်ဟပ်လေ့ရှိပါတယ်။

မစ္စတာအိုဘားမားဟာ နောက်သီတင်းပတ် ပေကျင်းမြို့တော်မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးအစည်းအဝေးတက်ဖို့ သွားရောက် မှာပါ။

ဒီအတောအတွင်းမှာပဲ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးဟာ ဒီကနေ့ ကမ္ဘာအတွက် အလွန်အရေးပါလှတဲ့ ကိစ္စဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။

XS
SM
MD
LG