သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး


အီရတ်နိုင်ငံတွင်း လုံခြုံရေး အခြေအနေ။
အီရတ်နိုင်ငံတွင်း လုံခြုံရေး အခြေအနေ။

Islamic State အစွန်းရောက်အဖွဲ့က စစ်သွေးကြွတွေ အမေရိကန်သတင်းထောက် James Foley ကို သတ်ဖြတ်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုက်ရိုက်ကျူးလွန်တဲ့သဘောဖြစ်တယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်လူမျိုးတွေကို ကာကွယ်ဖို့အတွက် Islamic State လက်နက်ကိုင်တွေကို နောက်ထပ် အရေးယူနှိမ်နင်းမှုတွေ လုပ်သွားဖို့ အသင့်ရှိနေတယ်လို့ သမ္မတအိုဘားမားရဲ့ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က သောကြာနေ့မှာ ပြောဆိုသွားခဲ့တာပါ။

Islamic State အဖွဲ့ဟာဆိုရင် လွန်ခဲ့တဲ့ ၆ လ အခြေအနေကထက် ပိုပြီးတော့ ခြိမ်းခြောက်မှုကြီးလာတယ်လို့လည်း ပြောပါတယ်။ နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ဆုံးဖြတ်တဲ့အပြင်၊ အမေရိကန်စစ်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာလည်း နိုင်ငံနယ်စပ်မျဉ်းတွေ အကန့်အသတ်ထားမှာ မဟုတ်ဘူးလို့လည်း အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောပါတယ်။

Islamic State လက်နက်ကိုင်တွေဟာ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်အတွင်းမှာပဲ အီရတ်မြောက်ပိုင်းနဲ့ ဆီးရီယားအရှေ့ပိုင်း နေရာအတော်များများကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့တာပါ။ သူတို့ဟာ ဆီးရီယားနဲ့အီရတ်နှစ်နိုင်ငံအကြား လွတ်လပ်စွာ ကူးလူး လှုပ်ရှားနေတာဖြစ်ပါတယ်။ နောက်အခြေအနေတခုကတော့ အီရတ် က ဘဂ္ဂဒတ်မြို့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆူနီ မူဆလင်ဗလီတခုကို သောကြာနေ့က အကြီးအကျယ် တိုက်ခိုက်မှု တခုဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဝတ်ပြုဆုတောင်းနေသူ လူ ဆယ်ဂဏန်း သေဆုံးခဲ့ ပါတယ်။

ဒါဟာ သဘောထား တင်းမာတဲ့ ရှိရတ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်ချက်ဖြစ်တယ် ဆိုပြီး ဆူနီဘာသာရေးတာဝန်ရှိသူတွေက အပြစ်ဖို့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Islamic State စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ အီရတ်အစိုးရ တပ်မှုးအချို့က ယူဆထားပါတယ်။

XS
SM
MD
LG