သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှု အောက်လွှတ်တော် တခဲနက်အတည်ပြု


မြောက်ကိုရီးယားအစိုးရအနေနဲ့ နျူကလီးယားလက်နက်များ အစီအစဉ်အတွက် လိုအပ်တဲ့ ငွေမာ မရရှိနိုင်အောင် ပိုမို ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်မယ့် ဥပဒေကြမ်းတရပ်ကို အမေရိကန် အောက်လွှတ်တော်က ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်အမတ်တွေ အတူတကွ အင်္ဂါနေ့က မဲခွဲ အတည်ပြုခဲ့ကြပါတယ်။

“မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားဖြည့်တဲ့ ဥပဒေကြမ်း” ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အပျက်အစီး ကြီးမားနိုင်တဲ့ အလားအလာရှိတဲ့ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ ကြေညာချက်အပေါ် တုံ့ပြန်မှု ဖြစ်ပါတယ်။

အဲဒီလို မြောက်ကိုရီးယားရဲ့ ကြေညာချက်ကို ပြင်ပ ကျွမ်းကျင်ပညာရှင်တွေက သံသယနဲ့ တုံ့ပြန်ခဲ့ကြပြီး မြောက်ကိုရီးယားအနေနဲ့ ပိုမို အင်အားနဲတဲ့ အနုမြူဗုံးကို စတုတ္ထအကြိမ်မြောက် စမ်းသပ် ဖောက်ခွဲခဲ့ပုံရတယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ အဲဒီလို သံသယတွေ ရှိနေပေမဲ့ အောက်လွှတ်တော်က ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကြမ်းကို ထောက်ခံမဲ ၄၁၈ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ တခဲနက် အတည်ပြုခဲ့ပါတယ်။

XS
SM
MD
LG