သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသူပုန်တွေကို အကူအညီပေးဖို့ အမေရိကန်စဉ်းစား


우크라이나 동부 도네츠크 인근에서 국제조사단 소속 네델란드 경찰이 말레이시아 여객기 사고 현장을 수색하고 있다.<br />
&nbsp;
우크라이나 동부 도네츠크 인근에서 국제조사단 소속 네델란드 경찰이 말레이시아 여객기 사고 현장을 수색하고 있다.<br /> &nbsp;
ဆီးရီးယားနိုင်ငံရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေး မြန်မြန် ဆန်ဆန် ဖြစ်လာစေဖို့ ကြိုးပမ်းချက် တရပ်အနေနဲ့ ဆီးရီးယား သူပုန်တွေကို အကူအညီတွေ တိုးမြှင့်ပေးရေး အမေရိကန်ပြည်ထောင်စု ဘက်က စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ဆီးရီးယားအတိုက်အခံတွေ ပိုပြီးတော့ အားကောင်းလာဖို့ ပိုပြီးတော့ စနစ်ကျကျ စုဖွဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် အကူအညီ အထောက်အပံ့တွေ ပေးရေး အမေရိကန်ဘက်က အလေးထားနေတယ်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနေး (Jay Carney) က မနေ့ကပဲ ပြောသွားတာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ အာဆတ်အလွန်ကာလမှာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဖြစ်နိုင်ချေ နည်းလမ်းမှန်သမျှကိုလည်း အမေရိကန် တာဝန်ရှိသူတွေက လေ့လာနေတယ်လို့ မစ္စတာ ကယ်ရီ က ဆိုပါတယ်။

လက်ရှိ အချိန်ထိတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆီးရီးယား သူပုန်တွေကို အကူအညီ
ပေးရေးမှာ ဆက်သွယ်ရေး စက်တွေလိုမျိုး လူသတ်လက်နက်မဟုတ်တဲ့ အကူအညီမျိုးတွေကို
ထောက်ပံ့ပေးနေတာပါ။

အခုတော့ သူပုန်တွေကို ကျည်ကာအင်္ကျီလို၊ သံချပ်ကာယာဉ်တွေလို စစ်သုံးပစ္စည်းတွေနဲ့ စစ်သင်တန်း ပေးတာမျိုးတွေ စတာတွေကို သမ္မတ အိုဘားမား အစိုးရက အကူအညီ ပေး လာဖွယ်ရှိတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာမှာ မနေ့က ရေးသားဖော်ပြထားပါတယ်။

ဒီကနေ့ အီတလီနိုင်ငံမှာ ကျင်းပမယ့် ဆီးရီးယား မိတ်ဆွေများ အစည်းအဝေးမှာတော့ ဆီးရီးယား
နိုင်ငံအတွင်းမှာ အပြောင်းအလဲတွေ မြန်မြန် ဖြစ်လာအောင်လို့ နည်းလမ်းတွေ ဆွေးနွေး သွားဖို့ အစီအစဉ် ရှိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောပါတယ်။

ဆီးရီးယားနိုင်ငံအပေါ်မှာ လက်နက်တင်ပို့မှု ပိတ်ပင်တဲ့ အရေးယူမှုကို သက်တမ်းတိုးဖို့ ဥရောပသမဂ္ဂ ဝန်ကြီးတွေကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သဘောတူခဲ့ကြတာပါ။

ဒါပေမဲ့လို့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ လူသတ်လက်နက် မဟုတ်တဲ့ အကူအညီ မျိုးတွေ ပေးသွားနိုင်မယ့် အခြေအနေတွေကိုတော့ လမ်းဖွင့်ခဲ့ကြပါတယ်။
XS
SM
MD
LG