သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ကျူးဘား ခေါင်းဆောင်နှစ်ဦး သမိုင်းဝင်တွေ့ဆုံ


အမေရိကန်သမ္မတ Barack Obama (ယာ) နဲ့ ကျူးဘားသမ္မတ Raul Castro (ဧပြီလ ၁၂၊ ၂၀၁၆)
အမေရိကန်သမ္မတ Barack Obama (ယာ) နဲ့ ကျူးဘားသမ္မတ Raul Castro (ဧပြီလ ၁၂၊ ၂၀၁၆)

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ကျူးဘားသမ္မတ Raul Castro တို့ စနေနေ့မှာ သမိုင်းဝင် တွေ့ဆုံဆွေးနွေးခဲ့တာမှာတော့ အမေရိကန်သမ္မတက ကာလရှည် အထီးကျန်ဖြစ်နေတဲ့ ကျူးဘားအစိုးရနဲ့ နှစ်နိုင်ငံကြား စစ်အေးခတ်ကာလ ကွဲပြားမှုတွေကို စေ့စပ်ဆွေးနွေးပြီး သမိုင်းစာမျက်နှာသစ် တရပ်ဖွင့်လှစ်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပနားမားနိုင်ငံမှာ ကျင်းပနေတဲ့ အမေရိကတိုက်နိုင်ငံများ ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲအတွင်းနှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးတို့ရဲ့ တွေ့ဆုံမှုဟာဆိုရင် နှစ်ပေါင်း ၅ဝ ကျော် ကာလအတွင်း အမေရိကန်နဲ့ ကျူးဘားခေါင်းဆောင်တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ရုပ်မြင်သံကြားမှာ ပြသတဲ့အထဲမှာတော့ အစည်းအဝေးခန်းငယ်လေးတခုအတွင်းမှာအမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ကျူးဘားသမ္မတ ရာဟူးလ် ကက်စ်ထရိုတို့ ဝန်ထမ်းတွေ၊ စကားပြန်တွေဝန်းရံပြီး ဘေးချင်းယှဉ်ထိုင် ဆွေးနွေးနေကြတာကို တွေ့ရပါတယ်။နှစ်နိုင်ငံသံတမန်အဆက်အသွယ် အပြည့်အဝ ပြန်လည်ထားရှိရေး ကြိုးစားနေတဲ့ အမေရိကန်နဲ့ကျူးဘားအစိုးရတို့ကြား စနေနေ့ဆွေးနွေးပွဲက အရေးပါတဲ့ အလှည့်အပြောင်းတခု ဖြစ်သွားနိုင်တယ်လို့လည်း အမေရိကန်သမ္မတက နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ကျူးဘားနဲ့ အမေရိကန်တို့ ပြန်လည်သင့်မြတ်လာတဲ့အပေါ် အမေရိကန်အများစုက ထောက်ခံကြပြီး ကျူးဘား ပြည်သူတွေကလည်း အပြတ်အသတ် ထောက်ခံကြတယ်လို့လည်း အမေရိကန်သမ္မတက ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG