သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ အနုမြူ သဘောတူညီချက် ကန် သမ္မတလောင်း ကိုယ်စားလှယ်တွေ ထောက်ခံ


ကန် သမ္မတလောင်းကိုယ်စားလှယ်တွေ
ကန် သမ္မတလောင်းကိုယ်စားလှယ်တွေ

အမေရိကန်ပြည်ထောင်စုအနေနဲ့ Iran နဲ့ ရယူထားတဲ့ nuclear အရေး သဘောတူညီချက်ကို အကောင်အထည်ဖော်တာနဲ့ Iran အစိုးရက သူတို့ဖမ်းထားတဲ့ အမေရိကန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးလိုက်တာ တွေဟာ ၂ နိုင်ငံကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ပြသတာဖြစ်တယ်ဆိုတာ အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်နိုင်ဖို့ လုပ်ဆောင်နေကြတဲ့ ဒီမိုကရက် ကိုယ်စားလှယ်လောင်းတွေ တနင်္ဂနွေနေ့က သဘောတူ လက်ခံခဲ့ကြပါတယ်။

သူတို့ကအရှေ့အလယ်ပိုင်း နိုင်ငံတွေအနေနဲ့လည်း IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို နှိမ်နင်းရေးမှာ ပိုပြီးပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားပါတယ်။

Iran နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ မြန်မြန်ဆန်ဆန် မလုပ်ခင်မှာ ဆောင်ရွတ်စရာတွေ အများကြီး ကျန်သေးတယ်၊ Syria နိုင်ငံအပေါ်အပြုအမူမျိုးလို ဒေသထဲ သူ့ရဲ့ ဆိုးရွားတဲ့လုပ်ရပ်နဲ့ ပတ်သတ်ပြီး အမေရိကန်က Iran ကို ဖိအားပေးဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ပြောပါတယ်။

ပြီးခဲ့တဲ့လက စစ်တမ်းကောက်ယူချက်မှာ Mr. Clinton နောက်ကို အမှီလိုက်လာတဲ့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders ကလည်း ဒီလို စစ်မဖြစ်ရပဲ nuclear အရေး သဘောတူညီချက်ရတာနဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး ပြန်ပြေလည်လာတာတွေက အထူးကောင်းမွန်တဲ့ အလားအလာ ပါလို့ ပြောပါတယ်။

ဒါပေမယ့် သူဆိုရင်တော့ Tehran မြို့တော်မှာ အမေရိကန် သံရုံးဖွင့်ဖို့ ချက်ချင်းလုပ်မှာ မဟုတ်ဘူးလို့ပြောပြီး အမေရိကန်နဲ့ cuba နိုင်ငံကြားမှာ နွေးထွေးတဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ပုံကို ဥပမာပေးပြီး ပြောသွားပါတယ်။

XS
SM
MD
LG