သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အဝေးထိန်းဒုံး တိုက်ခိုက်မှုကြောင့် တာလီဘန်တပ်မှူး သေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်မှာ အမေရိကန်မောင်းသူမဲ့ အဝေးထိန်းဒုံးယာဉ်လို့ သံသယရှိရတဲ့ ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်-တာလီဗန် တပ်မှူးကြီးတစ်ယောက်အပါအဝင် ၆ ဦးထက်မနည်း သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ပိုင်း ဝါဇီရစ္စတန်ခရိုင်၊ မီရန်ရှားမြို့ အနီး Chashma ရွာက အိမ်ကို မောင်းသူမဲ့လေယာဉ်ကနေ Missile ဒုံးလက်နက် ၂ ခုနဲ့ ဒီကနေ့ တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရာရှိတွေကပြောပါတယ်။ အာဖဂန်နယ်စပ်အနီး အဲဒီဒေသဟာ တာလီဗန်တွေနဲ့ အယ်လခိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွတွေ ခြေကုတ်ယူတဲ့နေရာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီလိုတိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သားတွေ သေဆုံးနိုင်သလို၊ တန်ပြန်ဆိုးကျိုး သက်ရောက်နိုင်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ်လို့ သတင်းထုန်ပြန်လိုက်ပါတယ်။

မေလ ၁၁ ရက် ပါကစ္စတန် အထွေထွေ ရွေးကောက်ပွဲအပြီး ဒီလို မောင်းသူမဲ့လေယာဉ်ကနေ ဒုံးလက်နက်နဲ့ တိုက်ခိုက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ရွေးကောက်ခံ ဝန်ကြီးချုပ် နဝပ် ရှရစ်ဖ် (Nawaz Sharif) က ဒီလို မောင်းသူမယ့် အဝေးထိန်းဒုံးတွေနဲ့ တိုက်ခိုက်တာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်လိုက်တာဘဲလို့ပြောပါတယ်။

သမ္မတအိုဘားမားကတော့ ဒီလို မောင်းသူမဲ့ လေယာဉ် ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်နေတဲ့ အရှိန်ကို လျှော့ချသွားမယ်လို့ မကြာသေးခင်က အရိပ်အမြွက် ပြောထားပါတယ်။
XS
SM
MD
LG