သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဖြတ်တဲ့ IS တွေ ဗုံးထိလို့သေ


အာဖဂန်နစ္စတန်က အမေရိကန် မောင်းသူမဲ့ လေယာဉ်
အာဖဂန်နစ္စတန်က အမေရိကန် မောင်းသူမဲ့ လေယာဉ်

အာဖဂန်နစ်စတန် နိုင်ငံအရှေ့ပိုင်းမှာ သောကြာနေ့က အိုင်အက်စ် စစ်သွေးကြွ တွေက လူ ၇ ယောက်ကို ခေါင်းဖြတ်သတ်လိုက်ပြီး မကြာခင်မှာပဲ အမေရိကန်က ပစ်ခတ်တယ်လို့ ယူဆရတဲ့ ဒရုံးယာဉ်နဲ့ အတိုက်ခိုက်ခံရတဲ့ အတွက် အဲဒီဒေသမှာ အိုင်အက်စ် ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

အခင်းဖြစ်ပွါးတဲ့နေရာဟာ ပါကစ္စတန်နယ်စပ်က နန်ဂဟာ ခရိုင်ထဲက Achin ဒေသမှာ ဖြစ်ပွါးတာလို့ ဒေသခံတွေနဲ့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။ အဲဒီဒေသဟာ အိုင်အက်စ်အဖွဲ့ အင်အားပြန်ကောင်းနေတဲ့ နေရာဖြစ်ပါတယ်။

အာရပ်ဘာသာနဲ့ အတိုကောက် Daesh လို့ ခေါ်တဲ့ အိုင်အက်စ် အဖွဲ့က ခေါင်းဖြတ်သတ်သူတွေထဲမှာ တာလီဘန်သူပုန် ၆ ဦးပါနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှုးရဲ့ ပြောခွင့်ရ Ataullah Khogyani က ဗီအိုအေကို ပြောပါတယ်။ သူတို့က ကွပ်မျက်နေတုန်း အဲဒီဒေသမှာ အမေရိကန် မောင်းသူ မပါတဲ့ လေယာဉ် ကနေ ပစ်ခတ်ခဲ့တဲ့အတွက် တပ်မှုး အများအပြားအပါအဝင် Daesh တိုက်ခိုက်ရေးသမား ၁၇ ယောက် သေဆုံးခဲ့ တယ်လို့လည်း ပြောပါတယ်။

သောကြာနေ့ နေ့လည်ခင်း ဝတ်ပြုဆုတောင်းချိန်အပြီး ရွာသားတွေ ရှေ့ မှာ ခေါင်းဖြတ် ကွပ်မျက်တာကို အိုင်အက်စ်တွေက လုပ်ဆောင်ခဲ့ တယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။ အဲဒီထဲမှာ အသတ်ခံရသူတယောက်ဟာ အာဖဂန်အမျိုးသားတပ်က လို့ ပြောပေမယ့် ခရိုင်အုပ်ချုပ်ရေးမှုရဲ့ ပြောခွင့်ရကတော့ ဒါတို အတည်မပြုသလို အသေးစိတ်ကိုလည်း ထုတ်မပြောပါဘူး။

တာလီဘန်တွေဟာ ဒီသီတင်းပါတ်ထဲမှာပဲ အာချင်တဝိုက်က ဒေသ ၂ခုမှာ ရှိတဲ့ အိုင်အက်စ်တွေရဲ့ အခြေစိုက် စခန်းတွေကို စပြီးတိုက်ခိုက်ခဲ့ တာမို့ အိုင်အက်စ် ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရသလို တခြားသူတွေကိုပါ ဒေသတွင်းကနေ ထွက်ပြေးစေခဲ့တာ ဖြစ်ပါတယ်။ နန်ဂဟာ ခရိုင်ထဲက အစိုးရ အဆောက် အဦးတွေကို အိုင်အက်စ်တွေ တိုက်ခိုက်တဲ့အခါမှာ တာလီဘန်တပ်တွေနဲ့ပါ အပြင်းအထန်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာပါ။

အာဖဂန် အစိုးရဟာ ဒီသီတင်းပါတ်ထဲမှာပဲ နိုင်ငံအရှေ့ပိုင်းက အိုင်အက်စ်တွေကို တိုက်ခိုက်ဖို့ အထူးတပ်တွေကို ဖွဲ့စည်းခဲ့တယ်လို့ အာဖဂန် ယာယီ ကာကွယ်ရေး ဝန်ကြီး က ပြောပါတယ်။

XS
SM
MD
LG