သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်း ပဏာမရွေးချယ်ပွဲများ ကလင်တန်နဲ့ ထရမ့်မ် အသာရဆဲ


ကန်သမ္မတလောင်း ပဏာမရွေးချယ်ပွဲများ Donald Trump နဲ့ Hillary Clinton အသာရဆဲ
ကန်သမ္မတလောင်း ပဏာမရွေးချယ်ပွဲများ Donald Trump နဲ့ Hillary Clinton အသာရဆဲ

အမေရိကန် ပြည်ထောင်စုက ပြည်နယ် ငါးခုတို့မှာ မနေ့ စနေနေ့က ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီကြီး နှစ်ရပ်ရဲ့ သမ္မလောင်း ရွေးချယ်ပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားပြု သမ္မတလောင်းတွေကို ရွေးချယ်နေကြတာ ဖြစ်ပါတယ်။ ပြည်နယ် လေးခုမှာ ကျင်းပတဲ့ ရီပတ်ဘလီကန် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲမှာတော့ လက်ရှိအချိန်ထိ ထောက်ခံမှု အများဆုံး ရထားတဲ့ Donald Trump က လူဝီစီယားနားနဲ့ ကန်တပ်ကီ ပြည်နယ် နှစ်ခုမှာ အနိုင်ရပါတယ်။ အထက်လွှတ်တော်အမတ် Ted Cruz ကတော့ မိန်းနဲ့ ကန်းဆက်စ် ပြည်နယ် နှစ်ခုမှာ အနိုင်ရရှိထားပါတယ်။ အထက်လွှတ်တော် အမတ် Marco Rubio နဲ့ အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich တို့ကတော့ ပြည်နယ် လေးခုစလုံး ဘယ်မှာမှ အနိုင်ရတာ မရှိဘဲ နောက်ကနေ လိုက်နေပါတယ်။

တနင်္ဂနွေနေ့ အထိ ရလဒ်တွေ အရတော့ ရီပတ်ဘလီကန် ပါတီဘက်မှာ Donald Trump က ပါတီညီလာခံ ကိုယ်စားလှယ် ၃၇၈ ဦးနဲ့ ရှေ့ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပြီး Ted Cruz က ပါတီ ညီလာခံ ကိုယ်စားလှယ် ၂၉၅ ဦး ရရှိထားပါတယ်။ မနေ့ စနေနေ့ ရွေးကောက်ပွဲမှာတော့ Ted Cruz က Donald Trump ထက် ကိုယ်စားလှယ်အရေအတွက် ပိုပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီဘက်မှာတော့ အထက်လွှတ်တော် အမတ် Bernie Sanders က ကန်းဆက်စ်နဲ့ နီဘရားစကား ပြည်နယ်တွေမှာ အနိုင်ရပြီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton က လူဝီစီယားနား ပြည်နယ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသွားပါတယ်။ Hillary Clinton က ပြိုင်ဘက် Bernie Sanders ထက် ရွေးကောက်ပွဲ ကိုယ်စားလှယ် အရေအတွက် ပိုအနိုင်ရထားပြီး ပြတ်ပြတ်သားသား ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ Hillary Clinton က ပါတီညီလာခံ ကိုယ်စားလှယ် ၁,၁၂၁ ဦး ရရှိထားပြီး Bernie Sanders က ပါတီညီလာခံ ကိုယ်စားလှယ် ၄၇၉ ဦးဘဲ ရရှိထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG