သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်ရွေးကောက်ပွဲ ရီပတ်ပလစ်ကန်တွေ အခြေအနေကောင်း


အင်္ဂါနေ့ကကျင်းပခဲ့တဲ့ အမေရိကန်လွှတ်တော် ရွေးကောက်ပွဲမှာ ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell အနိုင်ရရှိခဲ့ပါတယ်။ Kentucky ပြည်နယ် သက်တမ်း ၆ ကြိမ်မြောက် အထက်လွှတ်တော်အမတ်အဖြစ် ပြန်လည်အရွေးခံခဲ့ရတာပါ။

ဒီမိုကရက် အထက်လွှတ်တော် အမတ်တွေအတွက်တော့ သမ္မတ Barack Obama ပြောသလို ၁၉၅၈ ခုနှစ်ကနေစလို့ ဒါဟာ အခက်အခဲဆုံး ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။ ထိုစဉ်က သမ္မတ Dwight Eisenhower လက်ထက်မှာ ရီပတ်ပလစ်ကန်တွေ အထက်လွှတ်တော် အမတ်နေရာ ၁၃ နေရာကို လက်လွှတ်ဆုံးရှုံးခဲ့တာပါ။

အင်္ဂါနေ့ရွေးကောက်ပွဲမှာ အထက်လွှတ်တော်အမတ်နေရာ ၃ ပုံ ၁ ပုံကို ပြန်လည် ရွေးချယ်တင်မြှောက်ပါတယ်။ အထက်လွှတ်တော်အမတ်နေရာ ရွေးကောက်ပွဲဝင်တဲ့ ပြည်နယ်တိုင်းမှာ ရီပတ်ပလစ်ကန်တွေကို အလေးပေးကြတယ်ဆိုပြီး သမ္မတ Obama က ပြောပါတယ်။

အနောက်ဗာဂျီးနီးယားပြည်နယ်က အနားယူမယ့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Jay Rockefeller နေရာမှာလည်း ရီပတ်ပလစ်ကန် ကိုယ်စားလှယ်လောင်း Shelley Moore Capito က အနိုင်ရရှိသွားပါတယ်။

လက်ရှိအထက်လွှတ်တော်မှာ အမတ် ၅၅ နေရာနဲ့ အမတ်အများစုနေရာ ရရှိထားတဲ့ ဒီမိုကရက်ပါတီထံက အထက်လွှတ်တော်ကို ရီပတ်ပလစ်ကန်တွေ ထိန်းချုပ်နိုင်ဖို့ လိုအပ်နေတဲ့ အမတ်နေရာ ၆ နေရာကို ရရှိကြလိမ့်မယ်လို့လည်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG