အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမြို့က အမေရိကန်နဲ့ဆက်စပ်တဲ့ ဟော်တယ်တွေနဲ့ ဘဏ်လုပ်ငန်းတွေကို အကြမ်းဖက် တိုက်ခိုက် နိုင်ခြေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သူတို့အင်တာနက်စာမျက်နှာမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အဲဒီနေရာတွေကို သွားလာတဲ့အခါမှာ အထူးသတိထားဖို့နဲ့ ပတ်ဝန်းကျင်ကို သတိပြုဖို့ စနေနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်လာနိုင်ဖွယ် ခြိမ်းခြောက်မှုနဲ့ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေကိုတော့ ကြေညာချက်မှာ ဖော်ပြမထားပါ ဘူး။
အင်ဒိုနီးရှားနိုင်ငံဆီ ခရီးသွားတဲ့ ဒါမှမဟုတ် အဲဒီမှာနေထိုင်တဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားရေးဌာနရဲ့ Smart Traveler မှတ်တမ်းတင်အစီအစဉ်မှာ စာရင်းပေးထားဖို့နဲ့ ခရီးသွားသတိပေးချက်တွေ၊ သတိထားစရာတွေအတွက် နိုင်ငံခြားရေး ဌာနရဲ့ အင်တာနက်စာမျက်နှာကို စောင့်ကြည့်ဖို့လည်း အမေရိကန်နိုင်ငံသားတွေကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။