သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားက ကန်-သံတမန်တွေ ဘေးကင်းရာရွှေ့


ဂျူလိုင်လ ၁၃၊ ၂၀၁၄ မှာ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့လေဆိပ် တိုက်ခိုက်ခံရတဲ့ မြင်ကွင်း။
ဂျူလိုင်လ ၁၃၊ ၂၀၁၄ မှာ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့လေဆိပ် တိုက်ခိုက်ခံရတဲ့ မြင်ကွင်း။

လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့က အမေရိကန်သံရုံးနားမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတာကြောင့် သံရုံးကို ယာယီ ပိတ်ပစ်လိုက်ပြီး ဝန်ထမ်းတွေကို အိမ်နီးချင်း တူနီးရှားနိုင်ငံဆီ ရွှေ့ပြောင်းထားလိုက်ရပါတယ်။

လစ်ဗျားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် သံရုံးလုပ်ငန်းတွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ လစ်ဗျားနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေ ချက်ခြင်း ထွက်ခွာကြဖို့လည်း နိုင်ငံခြားရေးဌာနရဲ့ စနေနေ့ထုတ်ပြန်ချက်ထဲ မှာ အကြံပြုထားပါတယ်။

လစ်ဗျားနိုင်ငံရဲ့မြို့တော်မှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဖြစ်ချင်တိုင်းဖြစ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောပါတယ်။ ထရီပိုလီမြို့တော်က အကြမ်းဖက်မှု အများအပြားဟာ သံရုံးကို ဦးတည်တာ မဟုတ်ပေမဲ့လည်း ဝန်ထမ်းတွေ အတွက် သိပ်ကိုအန္တရာယ်ကြီးတဲ့အခြေအနေ ဖြစ်နေတယ်လို့ မစ္စတာကယ်ရီက ပြောပါတယ်။ အစ္စရေးလ်-ပါလက်စတိုင်း ပဋိပက္ခ အတွက် တခြားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံ ဆွေးနွေးဖို့ ပဲရစ်မြို့မှာ ရောက်နေချိန် ဒီကနေ့ မစ္စတာကယ်ရီက အဲဒီလိုပြောတာပါ။

ထရီပိုလီမြို့က တူရကီသံရုံး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး တူရကီနိုင်ငံသား ၅၀၀ ကျော်ကို တူနီးရှားနိုင်ငံဆီ ရွှေ့ပြောင်းထား လိုက်ပြီလို့ တူရကီနိုင်ငံခြားရေးဌာနကလည်း သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG