သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်မျက်ပိတ်ပင်မှု အမေရိကန် သက်တမ်းတိုး


မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာ ကျောက်စိမ်း
မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာ ကျောက်စိမ်း
မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ တင်သွင်းခွင့် ပိတ်ပင်တားမြစ်ချက်ကို အမေရိကန် ပြည်ထောင်စုက ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဇူလိုင်လနှောင်းပိုင်းက သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံက ပတ္တမြားနဲ့ ကျောက်စိမ်းလို၊ ကျောက်မျက်ရတနာတွေ အမေရိကန် နိုင်ငံထဲ တင်သွင်းခွင့် တားမြစ်ချက်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်တဲ့အကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့တာပါ။

အမေရိကန် ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်စေတာ၊ ဒါမှမဟုတ်ရင်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုတွေ၊ လုပ်ဆောင်သူတွေ အပေါ်မှာ အမေရိကန် အစိုးရက ဆက်လက် ကန့်သတ်ထားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၂၀၀၃ ခုနှစ် ကတည်းက ချမှတ်ထားတဲ့ မြန်မာပြည် လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေအရ မြန်မာနိုင်ငံထွက်ကုန်တွေကို တင်သွင်းခွင့် တားမြစ်ချက် အများစုကိုတော့ မကြာသေးခင် နှစ်တွေကစလို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက ဖယ်ရှားပေးထားတာပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပပက္ခတွေ ဖြစ်ပွားရာ ဒေသတွေ မှာ စစ်တပ်က ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်နေကြတဲ့ ကျောက်မျက် လုပ်ငန်းကို ပိတ်ပင်ဖို့ အမေရိကန်က ဆက်လက် သက်တမ်းတိုးခဲ့တာ ဖြစ်ပါ တယ်။

ကျောက်မျက်တင်သွင်းခွင့် တားမြစ်တဲ့ ဥပဒေကို စတင်အဆိုပြုခဲ့သူ တဦးဖြစ်တဲ့ အမေရိကန် ရီပတ်ဘလစ်ကန် ပါတီ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) ကတော့ ဒီနှစ်မှာ နောက်ထပ် သက်တမ်းတိုးဖို့ ကြိုးစားတာမျိုးတော့ မရှိခဲ့ပါဘူး။
XS
SM
MD
LG