သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာအကျပ်အတည်း ပြေလည်ရေး အလားအလာ အတော်အသင့်ရှိ


အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် Fiscal Cliff နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်နေစဉ်။ ( ဒီဇင်ဘာ ၂၈၊ ၂၀၁၂)
အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် Fiscal Cliff နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်နေစဉ်။ ( ဒီဇင်ဘာ ၂၈၊ ၂၀၁၂)
အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကို ကပ်ဆိုက်တဲ့အထိ ဆုတ်ယုတ်ကျဆင်းသွားနိုင်တဲ့ အခွန်တွေတိုးလာပြီး အစိုးရအသုံးစားရိတ် ဖြတ်တောက်ခံရမယ့်အရေးကို ရှောင်ရှားဖို့ ကွန်ကရက်လွှတ်တော်နဲ့ အစိုးရကြား သဘောတူညီချက်တခုကို ရနိုင်လိမ့်မယ်ဆိုတာ သူ့အနေနဲ့ မျှော်လင့်ချက် ရေးရေးရှိပါတယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။

အထက်လွှတ်တော် ရီပတ်ပလင်ကန် လူနည်းစုခေါင်းဆောင် မစ်မက်ကောနယ်လ်နဲ့ လူများစု ဒီမိုကရက်တစ်ခေါင်းဆောင် ဟယ်ရီရိဒ်တို့ နှစ်ဦးဟာ ပါတီနှစ်ရပ်စလုံး ထောက်ခံတဲ့ သဘောတူညီချက်ရဖို့ ၁၁နာရီကြာ လုပ်ဆောင်ခဲ့ကြတယ်လို့ သမ္မတအိုဘားမားက သတင်းထောက်တွေကိုပြောပါတယ်။

Fiscal Cliff လို့ ခေါ်နေကြတဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြီးကို ရှောင်ရှားနိုင်ဖို့ နှစ်ဖက်စလုံးကို တွန်းအားပေးနေရတဲ့အမျှ သမ္မတအိုဘားမားနဲ့ ထိပ်တန်းလွှတ်တော်ခေါင်းဆောင်လေးဦး တို့ သောကြာညနေပိုင်းက အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
XS
SM
MD
LG