သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘဏ္ဍာရေး ညှိနှိုင်းမှု အထက်လွှတ်တော် အတည်ပြု


အထက်လွှတ်တော် အမတ် Mitch McConnell
အထက်လွှတ်တော် အမတ် Mitch McConnell
အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ်တွေကြား ၂ ရက်ဆက်တိုက် အပြင်းအထန် ဆွေးနွေးညှိနှိုင်းပြီးနောက် Fiscal Cliff လို့ ခေါ်တဲ့ အခွန်တိုးမြင့် ကောက်ခံမှုတွေ သူ့အလိုလို ဖြစ်ပေါ်ပြီး အစိုးရအသုံးစားရိတ်တွေလည်း သိသိသာသာ ဖြတ်တောက်ပစ်မယ့် အရေးက ရှောင်ရှားနိုင်မယ့် အစီအစဉ်တရပ်ကို ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းမှာ ရရှိလိုက်တဲ့ အဲဒီ သဘောတူညီချက်ကို ၈၉ မဲ ၈ မဲနဲ့ အထက်လွှတ်တော်က အတည်ပြုလိုက်တာပါ။

အထက်လွှတ်တော်မှာ အဲဒီလို သဘောတူညီချက် ရလိုက်တဲ့အပေါ် သမ္မတ အိုဘားမားက ချီးကျူး ပြောကြားလိုက်ပြီး အောက်လွှတ်တော်ကလည်း အဆိုင်းမတွ အတည်ပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီသဘောတူညီချက် မူကြမ်းကို မဲခွဲ ဆုံးဖြတ်နိုင်ဖို့အတွက် ဝါရှင်တန် စံတော်ချိန် နေ့လည် မွန်းတည့်ချိန်မှာ အောက်လွှတ်တော် စည်းဝေးပွဲ ခေါ်ထားပါတယ်။

ဒီသဘောတူညီချက်ဟာ ပြီးပြည့်စုံတဲ့ သဘောတူညီချက်မဟုတ်ပေမယ့်လည်း အမေရိကန်နိုင်ငံသား အများစုအပေါ် အခွန်တိုးကောက်မယ့် အစီအစဉ်က ရှောင်ရှားလိုက်နိုင်တယ်လို့ အထက်လွှတ်တော် အမတ်အနည်းစုခေါင်းဆောင် Mitch McConnell က ပြောပါတယ်။ ဒီသဘောတူညီရအောင် အထက်လွှတ်တော်ခေါင်းဆောင်တွေနဲ့ အတူ လက်တွဲလုပ်ဆောင်ခဲ့တဲ့ ဒုသမ္မတ Joe Biden ကိုလည်း Mitch McConnell က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG