မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲဟာ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးကြိုးပမ်းမှု ရလဒ်ဖြစ်တယ်လို့ သမ္မတအိုဘားမားက မနေ့တုန်းက West Point စစ်တက္ကသိုလ်မှာ ပြောသွားခဲ့ပါတယ်။ USCB အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ကတော့ ဒါဟာ တစိတ်တပိုင်းပဲ မှန်ကန်ပြီး၊ တဘက်မှာလည်း မြန်မာအစိုးရဘက်က အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ အမေရိကန် ပြည်ထောင်စု West Point စစ်တက္ကသိုလ်မှာ မနေ့တုန်းက သမ္မတအိုဘားမားက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်လို့ ပြောသွားရာမှာ၊ အစိုးရ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှု သာဓက တခုအနေနဲ့ မြန်မာနိုင်ငံကို ဥပမာပေး ပြောသွားတာဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ သတ္တိပြောင်မြောက်မှုနဲ့ အမေရိကန် ဦးဆောင်ပြီး သံတမန်ရေး ကြိုးပမ်းမှုတွေ လုပ်ခဲ့တာကြောင့် တချိန်က တံခါးပိတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာ တံခါးဖွင့်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေ တွေ့လာရပါတယ်။ မြန်မာခေါင်းဆောင်တွေဟာ အမေရိကန်နဲ့ ကျနော်တို့ မဟာမိတ်နိုင်ငံတွေနဲ့ ထိစပ်ဆက်ဆံနို်င်ဖို့ မြောက်ကိုရီးယားနိုင်ငံနဲ့ မိတ်ဖက်အဖြစ်ကနေ ခြေလှမ်း ခွာလာပါတယ်။
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲသာ အောင်မြင်ခဲ့မယ် ဆိုရင်တော့ အမေရိကန် ပြည်ထောင်စုအတွက် မဟာမိတ်နိုင်ငံသစ် တိုးလာလိမ့်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။ ဒါပေမဲ့လို့ နောက်ပြန်မလှည့်ဘဲ မြန်မာပြည် အပြောင်းအလဲ အောင်မြင် သွားမယ်ဆိုရင် အမေရိကန် ခေါင်းဆောင်မှုအနေနဲ့ သေနတ်တချက် မဖောက်ဘဲနဲ့ မဟာမိတ်နိုင်ငံသစ် ရရှိလိုက်တာ ဖြစ်ပါလိမ့်မယ်။
မစ္စတာ အိုဘားမား အမေရိကန် သမ္မတဖြစ်ပြီး နောက်ပိုင်းမှာပဲ Asia Pivot ဆိုတဲ့ အာရှကို အလေးထားတဲ့ နိုင်ငံခြားရေး မူဝါဒအောက်မှာ မြန်မာနိုင်ငံကို တိုက်ရိုက်ထိစပ် ဆက်ဆံမှုတွေ လုပ်ခဲ့တာပါ။ ဒီနောက် အပြောင်းအလဲတချို့ ဖြစ်လာတဲ့နောက် အရင်တုန်းကရှိခဲ့တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေးခဲ့ပါတယ်။
USCB ခေါ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရသူ Jennifer Quigley ကတော့ သမ္မတ အိုဘားမား အခုလို ပြောဆိုသွားတာဟာ ပုံကြီးချဲ့လွန်းတယ်လို့ ဗွီအိုအေကို တုံ့ပြန်ပြောခဲ့ပါတယ်။
တစိတ်တပိုင်းတော့ မှန်မယ်ထင်ပါတယ်။ ဒီအောင်မြင်မှုနဲ့ အပြောင်းအလဲတွေဟာ အမေရိကန်ကြောင့် သက်သက်တော့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို မြန်မာခေါင်းဆောင်တွေက ဖယ်ရှားချင်တာရော၊ အမေရိကန်နဲ့ မြန်မာအစိုးရကြား သံတမန်ရေး ဆွေးနွေးညှိုနှိုင်းမှုပါ ပေါင်းဆုံပြီး ဖြစ်သွားတာပါ။ ဒီအခြေအနေကို သူ့အနေနဲ့ ပုံကြီးချဲ့ပြောတယ်ထင်ပါတယ်။
ဒါပေမဲ့ လိမ်လည်တာတော့ မဟုတ်ပါဘူး။ အိုဘားမားအစိုးရလက်ထက်မှာ မြန်မာအစိုးရနဲ့ ထိစပ်ဆက်ဆံရေးမူကို ကျင့်သုံးသလိုပဲ၊ တဘက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုကို လျှော့ချပေမဲ့ ဥပဒေအရတော့ ဆက်ထားရှိနေတုန်းပါ။ မကြာခင်တုန်းက မြန်မာစစ်တပ်နဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်တာကို ပိတ်ပင်တဲ့ ဒဏ်ခတ်မှုကိုတော့ သက်တမ်း ဆက်တိုးထားပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေး စံနှုန်းစံထားတွေကို လေးစားလိုက်နာတယ်ဆိုတာ၊ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူကိုပုံမှန်အစီရင်ခံစာ ထုတ်ပြန်ပေးဖို့ကိုလည်း ဒီဥပဒေမှာ ထည့်သွင်းထားတာပါ။
ဒါပေမဲ့လို့ USCB က Jennifer Quigley ကတော့ အိုဘားမားအစိုးရရဲ့ မြန်မာအပေါ် နိုင်ငံခြားရေးမူဝါဒမှာ အရင်ကလိုမဟုတ်ဘဲ လူ့အခွင့်အရေး အလေးပေးမှု အားနည်းလွန်းတယ်လို့ မြင်ပါတယ်။ ထိစပ်ဆက်ဆံမှုကို ကျမတို့ သဘောတူပါတယ်။ ဒါပေမဲ့လည်း ဒီလောက် အတိုင်းအဆကြီးကိုတော့ သဘောမတူပါဘူး။ အမေရိကန် အစိုးရအနေနဲ့ လုပ်ဆောင်မှု အရမ်းမြန်တယ်လို့ ထင်ပါတယ်။ တဘက်မှာ ရှိနေသေးတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ စိုးရိမ်မှုတွေကို သိပ်အရေးမလုပ်ပါဘူး။ ကချင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေ၊ ရိုဟင်ဂျာကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူနည်းစုလူမျိုးတွေရဲ့ တောင်းဆိုချက်အတိုင်း စစ်ရေးသဘောတူညီချက်တွေ မရတာ၊ ဖွဲ့စည်းပုံပြောင်းလဲရေးကိစ္စ မဖြစ်တာ စတဲ့ စိုးရိမ်မကင်းဖြစ်စရာ ဥပမာတွေ ရှိနေပါတယ်။
သမ္မတအိုဘားမားရဲ့ မိန့်ခွန်းထဲ မြန်မာအပါအဝင် ပြောင်းလဲလာတဲ့ နိုင်ငံတချို့ကို ဥပမာပေး ပြောသွားပေမဲ့ ဒီအပြောင်းအလဲတွေကို နေ့ချင်းညချင်း ဖြစ်လာ ဖို့တော့ မျှော်လင့်ထားလို့ မရဘူးလို့တော့ ပြောထားပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာ အစိုးရတွေတင်မကဘူး၊ ပြည်သူလူထုနဲ့လည်း မဟာမိတ်ပြု ထိစပ်သွားရမယ်လို့ ဆိုထားပါတယ်။
သမ္မတအိုဘားမားဟာ ၂၀၁၂ ခုနှစ် အကုန်ပိုင်းတုန်းက မြန်မာနိုင်ငံကို သမိုင်းဝင်ခရီး သွားရောက်ခဲ့သလို၊ အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် USAID ကတဆင့် အကူအညီ အတော်များများကိုလည်း ပေးလာပါတယ်။ တဘက်မှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း သွားရောက် လုပ်ကိုင်နိုင်ဖို့ အစိုးရအနေနဲ့ အားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။
ဒါပေမဲ့လည်း အစိုးရရော ရင်းနှီးမြှုပ်နှံကြမယ့် အမေရိကန်ကုမ္ပဏီတွေကပါ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်နေ ပုံရတာကြောင့်၊ ကြီးကြီးမားမား အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်တာမျိုးတော့ မရှိသေးပါဘူး။ သမ္မတအိုဘားမား အနေနဲ့ ဒီနှစ်အကုန်ပိုင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်ရမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ဖွယ် ရှိနေပါတယ်။