သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွမ်တာနာမို အကျဉ်းသား ၅၅ ယောက်နံမည် အမေရိကန်ထုတ်ပြန်


ကျုးဘားနိုင်ငံ၊ ဂွာတာနာမို စစ်အကျဉ်းထောင်။ (ဇွန်လ ၂၇ ရက်၊ ၂၀၀၆)။
ကျုးဘားနိုင်ငံ၊ ဂွာတာနာမို စစ်အကျဉ်းထောင်။ (ဇွန်လ ၂၇ ရက်၊ ၂၀၀၆)။
ကျုးဘားနိုင်ငံ ဂွာတာနာမို စစ်အကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရသူတွေထဲက မကြာခင်ပြန်လွှတ်ပေးမယ့် အကျဉ်းသား ၅၅ ဦးရဲ့ အမည်စာရင်းတွေကို အမေရိကန် အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းထဲမှာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ကတည်းကစလို့ ၁၁ နှစ်လောက်ကြာ ထိန်းသိမ်းခံထားရတဲ့ အကြမ်းဖက်သမားအဖြစ် မသင်္ကာသူ အကျဉ်းသား စုစုပေါင်း ၁၆၇ ယောက်ထဲက ၃ ပုံ၊ ၁ ပုံ ရဲ့ နံမည်တွေ ပါဝင်ပါတယ်။

အဲဒီအထဲက အများစုကတော့ ယီမင်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက သူတို့ကို ယီမင်နိုင်ငံကို ပြန်လွှတ်လိုက်ရင် ယီမင်နိုင်ငံမှာ အခြေစိုက်တဲ့ အယ်လ်ခိုင်းဒါး အဖွဲ့တွေ နဲ့ ပူးပေါင်းသွားမှာ စိုးတဲ့ သမ္မတ အိုဘားမားက သူတို့ကို ယီမင်ကို ပြန်ပို့ရေးအစီအစဉ်ကို ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက သမ္မတအိုးဘားမား အစိုးရအနေနဲ့ ဒီအကျဉ်းသားတွေရဲ့ နာမည်တွေကို လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမဲ့ သောကြာနေ့တုန်း ကတော့ ပြန်လွှတ်ပေးမယ့် အကျဉ်းသားတွေရဲ့ နံမည်တွေကို တရားဝင် ထုတ်ဖော်ကြေညာခဲ့တာပါ။

ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို တခြားနိုင်ငံ တွေဆီ လွှဲပြောင်းဖို့ ညှိနှိုင်းတဲ့အခါမှာ အပေးအယူ လုပ်ရ လွယ်ကူအောင်လို့ ဒီအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ကာကွယ်ပေးခဲ့တာ ဖြစ်တယ်လို့ သမ္မတအိုဘားမား အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုအခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်လို့ အရင်ကလို ဝရမ်းထုတ်ထားတဲ့ သက်သေပြနိုင်မှ အကျဉ်းသားတွေကို လွှဲပြောင်းပေးတာမျိုး မလိုတော့ဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။
XS
SM
MD
LG