သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်မယ့်အစီအစဉ် NRA ဆန့်ကျင်


အမျိုးသား ရိုင်ဖယ်အသင်းရဲ့ အကြီးအကဲ Wayne LaPierre. (ဒီဇင်ဘာလ ၂၁၊ ၂၀၁၂)။
အမျိုးသား ရိုင်ဖယ်အသင်းရဲ့ အကြီးအကဲ Wayne LaPierre. (ဒီဇင်ဘာလ ၂၁၊ ၂၀၁၂)။
အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်အပေါ် ကန့်သတ်မယ့် ဥပဒေသစ်တွေကို ဆန့်ကျင်သွားမှာ ဖြစ်တဲ့အကြောင်း လက်နက်ကိုင်ဆောင်ခွင့် အပြည့်အ၀ ရရှိရေး အဓိက လှုံ့ဆော်လှုပ်ရှားနေတဲ့ အမျိုးသား ရိုင်ဖယ်အသင်းက ပြောလိုက်ပါတယ်။သေနတ်ဆိုတာဟာ ကိရိယာတန်ဆာပလာ တခုသာဖြစ်ပြီး အမေရိကန်က သေနတ်ကြောင့် ဖြစ်ရတဲ့ သွေးထွက် သံယို ပြဿနာတွေဟာ ရာဇဝတ်မှု ကျူးလွန်သူတွေနဲ့သာ ဆိုင်တယ်လို့ အမေရိကန် NBC ရုပ်သံဌာနရဲ့ တနင်္ဂနွေနေ့ Meet the Press အစီအစဉ်မှာ ရိုင်ဖယ်အသင်းရဲ့ အကြီးအကဲ Wayne LaPierre က ပြောလိုက်တာပါ။ ရုပ်ရှင်တွေ၊ ဗွီဒီယိုဂိမ်းတွေက သွေးထွက်သံယို ဇာတ်လမ်းတွေကို တခမ်းတနားလုပ် ဖော်ပြတယ်ဆိုပြီး သတင်းမီဒီယာတွေ အပေါ်မှာလည်း ဝေဖန်သွားပါတယ်။

နယူးယောက် ပြည်နယ် အထက်လွှတ်တော်အမတ် Charles Schumer ကတော့ ရိုင်ဖယ် အသင်းရဲ့ အကြီးအကဲ ပြောနေပုံဟာ ကင်ဆာရောဂါ ကာကွယ်ရေးအတွက် ဆေးလိပ်အကြောင်း ထည့်မပြောသလို ဖြစ်နေတယ်လို့ NBC ရဲ့ အစီအစဉ်မှာပဲ တုံ့ပြန်သွားတာပါ။

ဒီဇင်ဘာလ ၁၄ ရက်နေ့တုန်းက Connecticut ပြည်နယ် မူလတန်းကျောင်းမှာ အသက် ၆ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂၀ နဲ့ လူကြီး ၆ ယောက် သေနတ်သမားတဦးရဲ့ လက်ချက်နဲ့ သေဆုံး ခဲ့ရပြီးတဲ့နောက် လက်နက် ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ကိစ္စဟာ အဓိက ဆွေးနွေးစရာ ဖြစ်လာနေ တာပါ။

အမေရိကန် ရိုင်ဖယ်အသင်းရဲ့ အကြီးအကဲကတော့ အလားတူ တိုက်ခိုက်မှုတွေကနေ အကာအကွယ်ပေးနိုင်အောင် စာသင်ကျောင်းတွေမှာ လက်နက်ကိုင် အစောင့်အရှောက်တွေ ထားသင့်တယ်လို့ ပြောခဲ့တဲ့အတွက်လည်း အကြီးအကျယ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
XS
SM
MD
LG