သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧည့်အလုပ်သမားအစီအစဉ်သစ် အမေရိကန်စဖို့စီစဉ်


လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ဝါရှင်တန်မြို့တော်မှာ ဆန္ဒပြနေကြသူများ။ (မတ်လ ၂၁ ၂၀၁၃)
လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ဝါရှင်တန်မြို့တော်မှာ ဆန္ဒပြနေကြသူများ။ (မတ်လ ၂၁ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုက အကြီးစားစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတို့အကြား ကျွမ်းကျင်မှု နည်းပါးသေးတဲ့ ဧည့်နိုင်ငံသား အလုပ်သမားတွေ ငှားရမ်းတဲ့ အစီအစဉ်တခု လုပ်ဖို့ သဘောတူညီမှုရခဲ့ကြတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအစီအစဉ်ကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်း အတွက် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး ရလာစေနိုင်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့က စပြီး W Visa ဆိုတဲ့ တိုင်းပြည်အတွင်းနေထိုင်ခွင့် ဗီဇာကို ထုတ်ပေးမှာဖြစ်ပါတယ်။ W Visa ကိုင်ဆောင်ထားသူတွေဟာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားနိုင် မှာဖြစ်သလို၊ အလုပ်အကိုင် တခုကနေတခု ပြောင်းပြီး လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါတယ်။

ပထမဦးဆုံးနှစ်မှာ လူပေါင်း ၂ သောင်းကို W Visa ထုတ်ပေးမှာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ တနှစ်ကို အများဆုံး ၂ သိန်းအထိ တိုးပြီး W Visa ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ ထုတ်ပေးမယ့် ဗီဇာအရည်အတွက်ဟာ၊ နိုင်ငံအတွင်းမှာရှိတဲ့ အလုပ်လက်မဲ့ ဦးရေအရည်အတွက်၊ အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်ရှင်တွေရဲ့ တောင်းဆိုမှု၊ အသစ်ဖွဲ့စည်းမယ့် ပြည်ထောင်စုအစိုးရလက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမားဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့တို့က ကောက်ယူတဲ့ အချက်အလက် တွေအပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG