သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယား သဘောတူမှု လူထုထောက်ခံမှုရဖို့ Kerry ကြိုးပမ်း


အီရန်နိုင်ငံနဲ့ ရရှိထားတဲ့ နျူကလီးယား သဘောတူညီချက်ကို ထောက်ခံပေးကြဖို့ နိုင်ငံခြားရေးဝန်ကြီး John Kerry က အမေရိကန် ပြည်သူလူထုကို မေတ္တာရပ်ခံလိုက်ပါတယ်။

ဘဝတသက်တာ အတွေ့အကြုံအရ အီရန် နျူကလီးယား သဘောတူညီချက်ဟာ အပြုသဘောဆောင်တဲ့ဘက်ကို ဦးတည်နေတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က Philadelphia မြို့မှာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ကျောင်းသားတွေ ပါ တက်ရောက်တဲ့ အခမ်းအနားမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဝန်ကြီးကယ်ရီက အဲဒီလို ထည့်သွင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်ကို သူ့အနေနဲ့ ထောက်ခံမယ့်အကြောင်း မယ်ရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် Barbara Mikulski က ဝါရှင်တန်ဒီစီမြို့မှာ ပြောကြားလိုက်တဲ့အတွက် ဒီသဘောတူညီချက်ကို ထောက်ခံမယ်လို့ ပြောဆိုထားတဲ့ အထက်လွှတ်တော်အမတ် အရေအတွက် ၃၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် Barbara Mikulski က အင်္ဂါနေ့က အခုလို ထောက်ခံမယ့်အကြောင်း ပြောဆိုလိုက်တဲ့အတွက် အီရန်နျူကလီးယား သဘောတူညီမှုကို ဆန့်ကျင်မယ့် ဆုံးဖြတ်ချက် မှန်သမျှကို ဗီတိုအာဏာသုံး ပယ်ချဖို့ လိုအပ်တဲ့ မဲအရေအတွက် သမ္မတ Barack Obama အနေနဲ့ ရရှိသွားပြီ ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာလည်း ဒီမိုကရက်တွေက သမ္မတရဲ့ ဗီတိုအာဏာ အသုံးပြုမှုကို ပယ်ချဖို့ ကြိုးပမ်းမှု မှန်သမျှကို ပိတ်ဆို့နိုင်မယ့် မဲအလုံအလောက် ရရှိထားပြီလို့ ပြောပါတယ်။

XS
SM
MD
LG