သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရောက် အီရန်လက်နက်များတားမြစ်ရေး အမေရိကန်ကြိုးပမ်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကယ်ရီ (ယာ) နဲ့ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မလိခီ ဘက်ဂဒက်မှာ တွေ့ဆုံစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကယ်ရီ (ယာ) နဲ့ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မလိခီ ဘက်ဂဒက်မှာ တွေ့ဆုံစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)
အီရန်က အီရတ်လေကြောင်းပိုင်နက်ကို ဖြတ်ပျံသန်းပြီး ဆီးရီးယားအစိုးရအတွက်
လက်နက်တွေ ပို့ပေးနေတာကိုတားဆီးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က အီရတ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ အီရတ်ဝန်ကြီးချုပ်
နိုရီအယ်လ်မလိခီ (Nouri al-Maliki) နဲ့ စိတ်ထက်ထက်သန်သန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဘက်ဒက် (Baghdad) မြို့တော်မှာ ဆွေးနွေးအပြီး ဝန်ကြီး ကယ်ရီ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အီရန်က အီရတ်ပေါ်ကနေ ဖြတ်ပျံသန်းနေတာဟာ ဆီရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) နဲ့ သူ့ရဲ့အစိုးရကို ရေရှည်တည်မြဲအောင် လုပ်ပေးရာရောက်တဲ့ အတွက် ပြဿနာရှိတယ်ဆိုတာကို အီရတ်ဝန်ကြီးချုပ်ကို သူ့ဘက်က ရှင်းရှင်းလင်းလင်း
ပြောပြခဲ့တဲ့အကြောင်း မစ္စတာကယ်ရီက ပြောပါတယ်။

အဲဒီလို အီရတ်ပေါ်ကနေဖြတ်ပျံသန်းနေတဲ့ လေယာဉ်တွေကို ရပ်ခိုင်းဖို့၊ ဒါမှမဟုတ်လည်း စစ်ဆေးဖို့ အမေရိကန်ရဲ့တောင်းဆိုချက်ကို မစ္စတာ မာလိခီက ဘယ်လိုတုံ့ပြန်သလဲ ဆိုတာကိုတော့ ဝန်ကြီးကယ်ရီက မပြောခဲ့ပါဘူး။

အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆတ် အတွက် အီရန်အစိုးရက လက်နက်တွေ တိုက်ခိုက်ရေးသမားတွေကို နေ့တိုင်း လေယာဉ်တွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲနေတာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ ဆီးရီးယားကိုသွားတဲ့ အီရန်လေယာဉ် ၂
စီးကို အီရတ်က စစ်ဆေးခဲ့ရာမှာ ဥပဒေနဲ့မညီတာ ဘာမှမတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မလိခီ ဟာ အိမ်နီးချင်း ဆီးရီးယားမှာဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ ကြားနေ အနေအထားမှာ ဆက်ပြီးနေဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
XS
SM
MD
LG