သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံသားများ အတွက် အကြမ်းဖက် အန္တရာယ် နိုင်ငံခြားရေး ဌာန တိုးမြှင့်


ဆီးရီးယားနိုင်ငံ၊ Kobani မြို့ကို အမေရိကန် ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုတခုအပြီး တွေ့ရသည့် မီးခိုးလုံးများ။ အောက်တိုဘာ ၁၀၊ ၂၀၁၄။
ဆီးရီးယားနိုင်ငံ၊ Kobani မြို့ကို အမေရိကန် ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုတခုအပြီး တွေ့ရသည့် မီးခိုးလုံးများ။ အောက်တိုဘာ ၁၀၊ ၂၀၁၄။

ပြည်ပရောက် အမေရိကန်နိုင်ငံသားတွေအတွက် ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထပ်ပြီး တိုးမြှင့်လိုက် ပါတယ်။ အမေရိကန်နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေအပေါ် အကြမ်းဖက် ဝါဒီတွေ တိုက်ခိုက်နိုင်ခြေ၊ ဆန္ဒပြပွဲတွေနဲ့ တခြား အကြမ်းဖက်လုပ်ရပ်တွေ ရဲ့ ခြိမ်းခြောက်မှုတွေ ဆက်ရှိနေသေးတဲ့အပေါ် စိုးရိမ်ရဆဲဖြစ်တယ်လို့ဆိုပြီး အဲဒီလို တိုးမြှင့်လိုက် တာပါ။

IS စစ်သွေးကြွတွေအပေါ် အမေရိကန်ဦးဆောင် တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို လက်တုန့်ပြန် တိုက်ခိုက်လာနိုင်ခြေဟာ တိုးလာတယ် လို့ တာဝန်ရှိသူတွေအနေနဲ့ ယုံကြည်တဲ့အကြောင်း နိုင်ငံခြားရေး ဌာနက သောကြာနေ့မှာ ပြောတာပါ။ အထူးသဖြင့် တော့ အရှေ့အလယ် ပိုင်း၊ မြောက်အာဖရိက၊ ဥရောပနဲ့ အာရှဒေသတွေမှာဖြစ်ပါတယ်။ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ မဟာမိတ် အကျိုးစီးပွားတွေဟာ အန္တရာယ်ရှိနေတယ်ဆိုပြီး သောကြာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အားလပ်ရက်ကာလတွေအပါအဝင် အမေရိကန်နိုင်ငံသားအများအပြား စုဝေးတတ်တဲ့ အားကစားပွဲတွေ၊ ဟော်တယ်တွေ၊ ကလပ်ဘ်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်တိုက်ကြီးတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ တခြားနေရာတွေကို အစွန်း ရောက်ဝါဒီတွေက ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်လို့ နိုင်ငံခြားရေးဌာနက သတိပေးထားပါတယ်။

မြေအောက် သယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့ လေကြောင်းခရီးသွားလို အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေကို အကြမ်းဖက် တိုက်ခိုက်နိုင်ခြေအပေါ်ကိုလည်း နိုင်ငံခြားရေးဌာနက ထပ်ပြီး သတိပေးထားပါတယ်။

XS
SM
MD
LG