သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ အိုဘားမား အစ္စရေးလ်ရောက်ရှိ


အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ ထာဝရ တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရတ်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ သမ္မတဖြစ်လာချိန် ကတည်းကဆိုရင် အစ္စရေးလ်နိုင်ငံဆီ ပထမဆုံး ခရီးစဉ်အစမှာ သမ္မတအိုဘားမားက အဲ့ဒီလိုပြောခဲ့တာပါ။

အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု (Benjamin Netanyahu) နဲ့ သမ္မတ ရှီမွန် ပဲရက်စ် (Shimon Peres) တို့က Ben Gurion လေဆိပ်မှာ သမ္မတ အိုဘားမားကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

အစ္စရေးလ်နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်လို့ နှစ်ဦးစလုံးက ခေါ်ဆိုတဲ့ ကိစ္စအပေါ် မစ္စတာအိုဘားမားက ကာကွယ် ပြောဆိုခဲ့တဲ့အတွက် မစ္စတာ နတန်ယာဟု က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

မိမိတို့ နှစ်နိုင်ငံအကြား မကျိုးပျက်နိုင်တဲ့ ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုလို တာကြောင့် သူ့ရဲ့ ဒုတိယသမ္မတသက်တမ်း အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အစ္စရေးလ်နိုင်ငံဆီ လာရောက်ခဲ့တာဖြစ်တယ်လို့ မစ္စတာအိုဘားမားက ပြောခဲ့ပါတယ်။

အစ္စရေးလ်လူထုနဲ့ သူတို့ရဲ့အိမ်နီးချင်းတွေကို သူ တိုက်ရိုက်စကားပြောချင်ပြီး မြင့်မြတ် တဲ့မြေမှာ ငြိမ်းချမ်းရေးရရမယ်လို့ သူ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
XS
SM
MD
LG