သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးတိုက်ဖျက်ရေး လက်မှတ်ထိုးပွဲ ကန်လက်ထောက် ဝန်ကြီး တက်ရောက်


အမေရိကန်ပြည်ထောင်စု အလုပ်သမား၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner
အမေရိကန်ပြည်ထောင်စု အလုပ်သမား၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စု အလုပ်သမား၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner ဟာ ဒီကနေ့ ပြုလုပ်တဲ့ အမေရိကန်-မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေး တစ်နှစ်တာ သဘောတူညီချက် လက်မှတ်ထိုးပွဲမှာ အသိသက်သေအဖြစ် တက်ရောက်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို အမေရိကန်နိုင်ငံဘက်က DEA လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီ နဲ့ မြန်မာအစိုးရကြား ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မစ္စတာ Posner ဟာ မြန်မာနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအပါအဝင် မြန်မာအရာရှိတွေ နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ လက်ထောက်ဝန်ကြီး မစ္စတာ Posner ဦးဆောင်တဲ့ အဖွဲ့နဲ့ပါဆိုရင် လောလောဆယ် မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ပေါင်း ၅ ဖွဲ့ရှိနေတယ်လို့လည်း မြန်မာနိုင်ငံခြားရေးရုံး အရာရှိတစ်ဦးက ဗွီအိုအေကို ပြောဆိုပါတယ်။

သုံးရက်တာခရီးစဉ်အတွင်းမှာ မစ္စတာ Posner ဟာ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေအပြင် ဘာသာရေး၊ အရပ်သားအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ နိုင်ငံရေးအကျဉ်းသားအရေး၊ ဘာသာရေး၊ တိုင်းရင်းသားအရေး စတာတွေကို ဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
XS
SM
MD
LG