သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးဖို့ မြောက်ကိုရီးယားကမ်းလှမ်း


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un (လယ်)။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un (လယ်)။
မြောက်ကိုရီးယား နျူကလီးယားအရေးနဲ့ လုံခြုံရေးဆိုင်ရာအတွက် အဆင့်မြင့်ဆွေးနွေးဖို့ အမေရိကန်ကို မြောက်ကိုရီးယားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့က ကမ်းလှမ်းလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဦးဆောင်တဲ့ အမျိုးသား ကာကွယ်ရေးကော်မရှင်က တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဆင်မြင့်ဆွေးနွေးဖို့ အမေရိကန်အနေနဲ့ နေရာနဲ့ အချိန်အခါကို ရွေးချယ် နိင်ပါတယ်လို့ ဖော်ပြထားပါတယ်။ တင်းမာမှုတွေ ပြေလျော့စေဖို့နဲ့
ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ သဘောတူစာချုပ်ကိစ္စ ဆွေးနွေးဖို့အတွက် ဆိုပြီး ခုလို ကမ်းလှမ်းတာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ လက်ခံယုံကြည်ရလောက်တဲ့ ညှိနှိုင်းဆွေးနွေးမှုအတွက် အမေရိကန်ဘက်က တံခါးဖွင့်ထားတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရမယ်၊ နျူကလီးယား လက်နက်အစီအစဉ် စွန့်လွှတ်ရမယ်လို့ လည်း ပြောပါတယ်။

မြောက်ကိုရီးယားကို အပြောနဲ့မဟုတ်ဘဲ အလုပ်ကိုကြည့်ပြီး အမေရိကန်က ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူက ပြောပါတယ်။
XS
SM
MD
LG