သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိက စစ်ရာဇဝတ်ကျူးလွန်သူများ ဖမ်းမိဖို့ အမေရိကန် ဆုငွေထုတ်


ယူဂန်ဒါနိုင်ငံက သူပုန်ခေါင်းဆောင် Joseph Kony
ယူဂန်ဒါနိုင်ငံက သူပုန်ခေါင်းဆောင် Joseph Kony
ယူဂန်ဒါနိုင်ငံက သူပုန်ခေါင်းဆောင် ဂျိုးဇက် ကိုနီ (Joseph Kony) နဲ့ နောက်ထပ် စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ်လို့ မသင်္ကာသူ အာဖရိကတိုက်သား ၃ ယောက်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဒေါ်လာ ၅ သန်း ပေးမယ်လို့ အမေရိကန်က ဆုကြေး ထုတ်ထားပါတယ်။

သူပုန်ခေါင်းဆောင် ကိုနီ (Kony) နဲ့ သူ့ရဲ့ လက်ရုံးတွေဖြစ်ကြတဲ့ အိုကော့ အိုဒီယာဘို (Okot Odhiambo) နဲ့ ဒေါမနစ် အွန်ဝမ် (Dominic Ongwen) တို့ကို စစ်ရာဇဝတ်မှု ဆိုင်ရာ အမေရိကန်ရဲ့ အလိုရှိသူ ဆုကြေးစာရင်းမှာ ဗုဒ္ဓဟူးနေ့က ထည့်သွင်းလိုက် ပါတယ်။

ဒါ့အပြင် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ FDLR Rwanda သူပုန်အဖွဲ့ခေါင်း
ဆောင် ဆေလ်ဗတ်စ်စတာ မဒါကူမူရာ (Sylvestre Mudacumura) ကိုလည်း အလိုရှိသူ စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

စစ်တွင်းရာဇဝတ် ကျူးလွန်မှုတွေ၊ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်တဲ့ ရာဇဝတ်တွေနဲ့ ဒီ ၄ ယောက်လုံးကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က အလိုရှိနေတာလည်း ဖြစ် ပါတယ်။

စစ်တွင်းရာဇဝတ် ကျုးလွန်သူတွေ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေတာကို အဆုံးသတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုကလည်း ဖိအားပေးလိုက်တာ ဖြစ်တယ်လို့ စစ်ရာဇဝတ်မှုများဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တို့အပေါ် ပြစ်မှုကျုးလွန်မှု ဒါမှမဟုတ် လူမျိုးတုံး သတ်ဖြတ်မှုတို့နဲ့ နိုင်ငံတကာ ပြစ်မှုတရားရုံးတွေက စွပ်စွဲထားသူတွေကို တရားစီရင်နိုင်ရေးအတွက် အမေရိကန်က ဆုကြေးထုတ်ခွင့်ရှိတဲ့ ဥပဒေကို ဒီနှစ် ဇန်နဝါရီလတုန်းကမှ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဂျိုးဇက် ကိုနီ (Joseph Kony) နဲ့ သူ့ရဲ့ Lord’s Resistance Army က လက်ရုံးတွေဟာ အာဖရိကတိုက် အလယ်ပိုင်းနိုင်ငံတွေမှာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ထောင်နဲ့ချီတဲ့ လူတွေကို သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက် ညှဉ်းပမ်းမှု၊ မုဒိမ်းကျင့်မှုတို့နဲ့ ICC က ၂၀၀၅ ခုနှစ်ထဲက ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG