သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်က ကန် သံတမန်တချို့ ထွက်ခွာဖို့ နိုင်ငံခြားရေးဌာန အမိန့်ထုတ်


ပါကစ္စတန်၊ လာဟိုးမြို့ အမေရိကောင်စစ်ဝန်ရုံး ရှိရာလမ်းမှာ လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး။ (၀၈-၀၉-၂၀၁၃)
ပါကစ္စတန်၊ လာဟိုးမြို့ အမေရိကောင်စစ်ဝန်ရုံး ရှိရာလမ်းမှာ လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး။ (၀၈-၀၉-၂၀၁၃)
ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးမှာ မဖြစ်မနေ လိုအပ်တဲ့ သံဝန်ထမ်းကလွဲပြီးတော့ ကျန်သံဝန်ထမ်းတွေအားလုံး အဲဒီနေရာ ကနေ ထွက်ခွာကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ညွှန်ကြားချက်ထုတ်ပါတယ်။ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကြောင့်လို့ ဆိုပါတယ်။

လာဟိုးမြို့ ကောင်စစ်ဝန်ရုံးကို အန္တရာယ်ပြုနိုင်တယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို နိုင်ငံခြားရေးဌာနက ရရှိထားပြီးတဲ့နောက် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေနဲ့ အခုလိုမျိုး ညွှန်ကြားချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ အစ္စလာမ်မာဘတ်မြို့က အမေရိကန် သံရုံးပြောခွင့်ရ အမျိုးသမီး Meghan Gregonis က ပြောပါတယ်။

ဒါ့အပြင် ပါကစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့ လုံခြုံရေး စိုးရိမ်စရာတွေရှိနေတာမို့လို့ ပါကစ္စတန်နိုင်ငံကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ မဖြစ်မနေကို သွားရမယ့်ကိစ္စကလွဲပြီးတော့ ခရီးသွားလာခြင်းတွေ မလုပ်ကြဖို့ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ခရီးသွားသတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်တလွှားမှာ ပြည်တွင်း-ပြည်ပ အကြမ်းဖက်အုပ်စုတွေ အတော်များများရှိနေတာမို့လို့ အမေရိကန်နိုင်ငံသားတွေအတွက် အန္တရာယ်များတယ်ဆိုပြီးတော့ ကြာသာပတေးနေ့ နှောင်းပိုင်းက အမေရိကန်နိုင်ငံခြားရေးဌာနက အခုလို ကြေညာချက် ထုတ်ပြန်သွားတာ ဖြစ်ပါတယ်။

အခု လာဟိုးမြို့ကနေ အမေရိကန်သံဝန်ထမ်းတွေကို ပြန်ထွက်ခိုင်းတဲ့ ကိစ္စရပ်မှာတော့ ပါကစ္စတန်ပြည်တွင်းက ခြိမ်းခြောက်မှုကြောင့်ဖြစ်တယ်လို့ သံရုံးပြောခွင့်ရသူ Gregonis က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာရှိတဲ့ သံတမန်ရုံး ၁၉ ရုံးကို ယာယီပိတ်ထားရတာကြောင့် အခု ဒီကိစ္စနဲ့ ဆက်နွယ်ပတ်သက်မှု ရှိမရှိဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစောပိုင်းတုန်းကလည်း အမေရိကန်အစိုးရက ယီမင်မှာရှိတဲ့ သံရုံးဝန်ထမ်းတွေကို ထွက်ခွာခိုင်းခဲ့ပါတယ်ခင်ဗျား။
XS
SM
MD
LG