သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေးနဲ့ ကိုယ်ရေးကိုယ်တာ မထိခိုက်ရေး သုံးသပ်ဖို့ အိုဘားမားညွှန်ကြား


အမေရိကန် ပြည်ထောင်စုမှာ အစိုးရရဲ့ လုပ်ငန်းတွေအပေါ်မှာ ပြည်သူလူထုက ယုံကြည်မှုရှိအောင် လုပ်ဆောင်တဲ့ တပြိုင်နက်ထဲမှာပဲ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အေဂျင်စီတွေ သတင်းအချက်အလက်တွေကို စုဆောင်းပုံနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမျိုးသား ထောက်လှမ်းရေး အကြီးအကဲကို ညွှန်ကြားလိုက်ပါတယ်။

နည်းပညာတိုးတက်မှုတွေက ဘယ်လောက်ထိ ထောက်လှမ်းရေး လုပ်ဆောင်ပုံကို ပြောင်းလဲပေးခဲ့သလဲဆိုတာ သုံးသပ်ဖို့ အရေးကြီးပါတယ်လို့ သမ္မတ အိုဘားမားက မစ္စတာ ဂျိမ်းစ် ကလက်ပါ (Mr. James Clapper) ကို အမှာစာ ရေးသားပေးပို့ပါတယ်။

နည်းပညာသစ် အသုံးပြုမှုဟာ နိုင်ငံရဲ့လုံခြုံရေးကို အကာအကွယ်ပေးတဲ့အပြင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အကာကွယ် ပေးထားနိုင်တာနဲ့ တပြိုင်နက်ထဲမှာ နိုင်ငံခြားရေး မူဝါဒတွေကို အထောက်အပံ့ ဖြစ်စေသလား ဆိုတာ မစ္စတာ ကလက်ပါ ရဲ့ ပြန်ဆန်းစစ်တဲ့အဖွဲ့က သုံးသပ်ရမှာပါ။

ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) က ဖွင့်ချလိုက်တာကြောင့် အမျိုးသားလုံခြုံရေးအဖွဲ့ (NSA) က တယ်လီဖုန်း ပြောဆိုမှုတွေ အင်တာနက် အသုံးပြုမှုတွေကို စောင့်ကြည့်နေတယ် ဆိုတာ အားလုံးကသိသွားပြီး အဲဒီကိစ္စကို နိုင်ငံသားအများအပြားနဲ့ ဥပဒေပြုသူတွေ တော်တော် စိတ်ဆိုးနေကြပါတယ်။

NSA က ပြည်ပနဲ့ ဆက်သွယ်တာတွေကိုလည်း စောင့်ကြည့်နေတာပါ။ သမ္မတ အိုဘားမား ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပိုပြီး မြင်သာထင်သာ ရှိအောင် ဆောင်ရွက်ရမယ်လို့ အရင်သီတင်းပတ်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

စောင့်ကြည့်ထောက်လှမ်းရေး အစီအစဉ်ကို တလွဲအသုံးမပြုဘူးလို့ သူခိုင်ခိုင်မာမာ ယုံကြည်ပါတယ်၊ အမေရိကန် နိုင်ငံသားတွေလည်း သူတို့ကို ယုံကြည်မှု ရှိရပါမယ်လို့ သမ္မတက ပြောသွားပါတယ်။
XS
SM
MD
LG