သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
တရုတ်လုပ် ကျွန်းအနီး ကန် စစ်သင်္ဘော စေလွှတ်မှု ၂ နိုင်ငံ ရေတပ် အကြီးအကဲချင်း ဆွေးနွေး
နောက်ဆုံးရသတင်း

တရုတ်လုပ် ကျွန်းအနီး ကန် စစ်သင်္ဘော စေလွှတ်မှု ၂ နိုင်ငံ ရေတပ် အကြီးအကဲချင်း ဆွေးနွေး


The first wave of runners make their way across the Verrazano-Narrows Bridge during the start of the New York City Marathon.
The first wave of runners make their way across the Verrazano-Narrows Bridge during the start of the New York City Marathon.

တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်း တရုတ်တို့ ဆောက်ထားတဲ့ ကျွန်းအတု အနီး အမေရိကန်တို့က ရေတပ်ဖျက် သင်္ဘော ခုတ်မောင်းသွားတဲ့ လုပ်ရပ်ဟာ အန္တရာယ်များပြီး ရန်စတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်ရေတပ် အကြီးအကဲက အမေရိကန် ရေတပ် အကြီးအကဲကို ပြောကြား လိုက်ပါတယ်။

အမေရိကန်ရေတပ် စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး John Richardson နဲ့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli တို့ ကြာသပတေးနေ့က အလျင်အမြန် စီစဉ်ပြီး ဗွီဒီယိုနဲ့ တိုက်ရိုက်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း တရုတ်ဖက်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဆွေးနွေးမှုဟာ အလုပ်သဘောဆန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိတွေက ပြောကြားလိုက်ပြီး နှစ် ပုံမှန် ဆွေးနွေး မှုတွေ ဆက်လက် ပြုလုပ်သွားဖို့နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ က ရှောင်ရှားနိုင်အောင် လုပ်ထုံး လုပ်နည်းတွေကို လိုက်နာသွားကြဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆွေးနွေးမှုတွေဟာ တင်းမာတဲ့သဘောရှိကြောင်း တရုတ် အရာရှိတွေဖက်က ပြောပါတယ်။ အဲဒီလို အန္တရာယ်များပြီး ရန်လိုတဲ့ လုပ်ရပ်မျိုးဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းချောက်နေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိပါးစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli ပြောကြားခဲ့ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

XS
SM
MD
LG