GSA လို့ခေါ်တဲ့ အစိုးရစီမံခန့်ခွဲရေးဆိုင်ရာ အေဂျင်စီမှာရှိနေတဲ့ အလွဲသုံးစားမှုတွေနဲ့စပ်လျဉ်းပြီး ကွန်ဂရက်စ်လွှတ်တော်တွင်းမှာ ဒီတပတ် ကြားနာပွဲတွေ ဆက်တိုက်ရှိနေပါတယ်။ အစိုးရဘတ်ဂျက်ငွေကို အလွဲသုံးစားမှု၊ ရင်းနှီးသူတွေကိုပဲ ကံထရိုက်တွေပေးတဲ့ အာဏာအလွဲသုံးမှု၊ အစိုးရပိုင် ပစ္စည်းတွေကို ကိုယ်ကျိုးအသုံးချမှု စတဲ့ အမေရိကန်အစိုးရအဖွဲ့အတွင်းမှာ ရှိနေတဲ့ အဂတိလိုက်စားမှုနဲ့ အလွဲ သုံးစားမှုတွေ အကြောင်း ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာအဖြစ် ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
အစိုးရအတွင်း အဂတိလိုက်စားမှုနဲ့အာဏာအလွဲသုံးမှု
