သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းတွေအတွက် အရေးပါတဲ့ နိုင်ငံခြားရေးရာမူဝါဒ


အမေရိကန်သမ္မတလောင်းတွေဖြစ်တဲ့ Mitt Romney (ဝဲ) နဲ့ သမ္မတ Obama (ယာ)။ အောက်တိုဘာ ၃ ရက် ပထမကျော့ စကားစစ်ထိုးပွဲအပြီး နှုတ်ဆက်နေစဉ်။
အမေရိကန်သမ္မတလောင်းတွေဖြစ်တဲ့ Mitt Romney (ဝဲ) နဲ့ သမ္မတ Obama (ယာ)။ အောက်တိုဘာ ၃ ရက် ပထမကျော့ စကားစစ်ထိုးပွဲအပြီး နှုတ်ဆက်နေစဉ်။
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းနှစ်ဦးဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ စကား စစ်ထိုးပွဲ သုံးကြိမ် ကျင်းပကြမှာဖြစ်ပြီး ပထမတကြိမ်က ပြည်တွင်းစီးပွားရေးနဲ့ အလုပ်အကိုင် ဖန်တီး ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စတွေကို အလေးထား ပြောကြားခဲ့ကြပါတယ်။

ရှေ့လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မှာတော့ ပြည်တွင်းရေးရာတင်မက နိုင်ငံခြားရေး ရာမူဝါဒပိုင်းကိုပါ ပရိသတ်ရဲ့မေးခွန်းတွေကို အပြန်အလှန် ဖြေကြားကြရမှာပါ။

တတိယအကြိမ်မှာတော့ ပြည်ပနိုင်ငံတကာရေးရာတွေကို အထူးပြု ဆွေးနွေးကြဖို့ ရှိပါတယ်။
စီးပွားရေး၊ စစ်ရေးအင်အားတောင့်တင်းတဲ့ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာမှာလည်း သြဇာအာဏာ အကြီးဆုံးဖြစ်နေဆဲမို့ နိုင်ငံတကာရေးရာကိစ္စရပ်ဟာ အမေရိကန်သမ္မတလောင်းတွေ အတွက် အရေးပါတဲ့ ကိစ္စရပ် တခုလည်း ဖြစ်နေတယ်ဆိုတဲ့အကြောင်း ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေး မှာ ဌာနမှူး ဦးသန်းလွင်ထွန်းက မဆုမွန်နဲ့အတူ သုံးသပ် တင်ပြပေးထားပါတယ်။
XS
SM
MD
LG