သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားအခွင့်အရေးနဲ့ လက်နက်ထိန်းချုပ်ရေး အားပြိုင်နေမလား


ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အသက် (၂၀) အရွယ် လူငယ်လေးတစ်ယောက်ဟာ အမေကို ပစ်သတ်ခဲ့ပြီး မူလတန်း ကျောင်းတကျောင်းကိုဝင်ပြီး ပစ်ခတ်ခဲ့တဲ့အတွက် ကလေး (၂၀) နဲ့ ဆရာမ (၆) ဦး သေဆုံးခဲ့ရပါတယ်။ သေနတ်ကို အလွယ်တကူ ဝယ်ယူကိုင်ဆောင်ခွင့်ရရှိနေတဲ့ အမေရိကန်မှာ အခုလို ပစ်ခတ်မှုတွေ မကြာခဏဖြစ်လာနေတဲ့အတွက် သမ္မတ အိုဘာားမားက အပြောင်းအလဲတွေ မလုပ်မဖြစ် လုပ်ဖို့ လိုလာပြီလို့ ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် (၂) အရ နိုင်ငံသားတိုင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်တဲ့ နိုင်ငံသားအခွင့်အရေး ကာကွယ်ထိန်းသိမ်းဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းတခုခုရဲ့ လွှမ်းမိုးမှုကနေ ခုခံဆန့်ကျင်ဖို့ လက်နက်ပိုင်ဆိုင်ခွင့်ရှိတဲ့ ဥပဒေကနေ လက်နက်ထိန်းချုပ်မှု ဥပဒေကို ပြောင်းလဲပြင်ဆင်တော့မလား-ဆိုတာကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဌာနမှူး ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
XS
SM
MD
LG