သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းအဆိုပြုတဲ့ ဒီမိုကရက်တစ်ပါတီညီလာခံ


မဲဆွယ်စည်းရုံးရေးဆင်းနေသော သမ္မတအိုဘားမား
မဲဆွယ်စည်းရုံးရေးဆင်းနေသော သမ္မတအိုဘားမား
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲအတွက် ရီပတ်ဘလီကဲန် ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံမှာ ရီပတ်ဘလီကင်ပါတီဘက်က ဝင်ရောက်အရွေးခံမယ့် သမ္မတလောင်းအမည်ကို အဆိုတင်တာနဲ့ လက်ခံတာတွေ ကျင်းပခဲ့သလိုပဲ ဒီတပတ်မှာတော့ အာဏာရ ဒီမိုကရက်ပါတီဘက်က သမ္မတလောင်းအဖြစ် လက်ရှိသမ္မတ အိုဘားမား ကို အဆိုတင်သွင်းတာနဲ့ အဆိုတင်သွင်းမှုကို လက်ခံတာတွေ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

သမ္မတအိုဘားမားကတော့ ဒီ ညီလာခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေကို အဆက်မပြတ် လှည့်လည်နေပါတယ်။ နိုဝင်ဘာလမတိုင်ခင် အမေရိကန် သမ္မတလောင်းတွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်မှုတွေနဲ့ မူဝါဒတွေ ပြည်သူလူထုရှေ့မှောက် အပြိုင်အဆိုင် ချပြစည်းရုံးနေကြတဲ့အကြောင်း ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးအကြောင်း ကောင်းစရာအဖြစ် ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ သုံးသပ် တင်ပြပေးထားပါတယ်။
XS
SM
MD
LG