သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်း Romney ညီလာခံမိန့်ခွန်း ပြောမည်


ရီပတ်ဘလစ်ကင်ပါတီက အမေရိကန်သမ္မတလောင်း Mitt Romney
ရီပတ်ဘလစ်ကင်ပါတီက အမေရိကန်သမ္မတလောင်း Mitt Romney
ရီပတ်ဘလစ်ကင် ပါတီက သမ္မတလောင်း ရွေးချယ်တာခံရတဲ့ Mitt Romney က သူ့ကို ဘာ့ကြောင့် သမ္မတလောင်းအဖြစ် ရွေးသင့်တယ် ဆိုတာကို ရီပါဘလစ်ကင် ပါတီညီလာခံကြီးမှာ ဒီကနေ့ ကြာသပတေးနေ့ မှာ ပြောကြားဖို့ ရှိပါတယ်။ ဖလော်ရီဒါပြည်နယ် Tampa မြို့မှာ ကျင်းပနေတဲ့ ရီပတ်ဘလစ်ကင် ပါတီညီလာခံမှာ ပါတီထဲက သြဇာရှိသူတွေက မစ္စတာ ရော်မနီဟာ သမ္မတ ဖြစ်ခဲ့ရင် လက်ရှိသမ္မတ ဘားရက်အိုဘားမား ထက် ပိုပြီး အမေရိကန် နိုင်ငံ အတွက် ဆောင်ရွက်နိုင်မယ် ဆိုတာတွေကို ပြောကြားခဲ့ကြပါတယ်။ ဒီကနေ့ ဆက်ကျင်းပနေတဲ့ ညီလာခံမှာ ပြောကြားမယ့် ရီပတ်ဘလစ်ကင် သမ္မတလောင်း Mitt Romney ရဲ့ မိန့်ခွန်းကို ရုပ်သံတွေမှာ တိုက်ရိုက်ထုတ်လွှင့် တဲ့အခါမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေ စောင့်ကြည့်ကြမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညဘက်က မိန့်ခွန်းပြောကြားခဲ့တဲ့ အမေရိကန် ဒုသမ္မတလောင်း Paul Ryan က တကယ်လို့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မစ္စတာရော်မနီကိုသာ ရွေးချယ်ကြရင် လက်ရှိအစိုးရရဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ငြီးငွေ့အောင် ပြောနေတဲ့ ပြောကြားချက်တွေကို ဆက်ပြီး ကြားရတော့မှာ မဟုတ်ဖူးလို့ လက်ရှိ အိုဘားမားအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
အခု အမေရိကန်နိုင်ငံမှာ အင်မတန်ကြီးမား တဲ့ စီးပွါးရေး ပြဿနာတွေ နဲ့ ရင်ဆိုင်နေရတာမို့ မစ္စတာရော်မနီအနေနဲ့ တကယ့်စိန်ခေါ်မှု မျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG