သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးခွင်းစနစ် အမေရိကန်ပြည်ထောင်စုမှာ တပ်ဆင်


ဒုံးခွင်းဒုံးစံနစ်တပ်ဆင်မည့်အကြောင်း သတင်းထောက်များအား ရှင်းလင်းပြောပြနေသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (၀၃၊ ၁၅၊၁၃)
ဒုံးခွင်းဒုံးစံနစ်တပ်ဆင်မည့်အကြောင်း သတင်းထောက်များအား ရှင်းလင်းပြောပြနေသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (၀၃၊ ၁၅၊၁၃)
မြောက်ကိုရီးယားနိုင်ငံက စစ်ရေးအရခြိမ်းခြောက်မှုတွေ တိုးလာနေတဲ့ အပေါ်မှာ ရင်ဆိုင်ဖို့အတွက် အစီအစဉ်တွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ကြေညာလိုက်ပါတယ်။

အဲဒီအစီအစဉ်ထဲမှာ အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ်မှာ ဒုံးခွင်းဒုံးလက်နက် ၁၄ ခု ကို လည်း နောက်ထပ် ထပ်ပြီး ထားရှိသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအစီအစဉ်ထဲမှာ - ဂျပန်နိုင်ငံမှာလည်း ဒုံးကျည်ကို ခြေရာခံလိုက်နိုင် မယ့် ရေဒါ ထောက်လှမ်းရေး စခန်းသစ်လည်း ပါဝင်မှာဖြစ်ပြီး ဒါဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နည်းပညာ တိုးတက်မှု ကနေ ဖြစ်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ အတွက် အဆင်သင့် ဖြစ်နေအောင် ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဝါရှင်တန်မြို့တော် မှာ သောကြာနေ့က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကယ်လီဖိုးနီးယား နဲ့ Alaska ပြည်နယ်တွေမှာ ဒုံးကျည်ကို ကြားဖြတ် ဟန့်တားနိုင်မယ့် ကြားဖြတ် ဒုံးခွင်းဒုံး လက်နက် ၃၀ လောက်ကို ထားရှိပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒီလက်နက်သစ်တွေကို ၂၀၁၇ ခုနှစ်မကုန်ခင်မှာ စတင် အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရက အမေရိကန်ပြည်ထောင်စုကို ကြိုတင်လက်ဦးမှု ယူပြီး နျူကလီယား လက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အာခံတဲ့ အနေနဲ့ မြောက်ကိုရီးယားအစိုးရဟာ လွန်ခဲ့တဲ့ ၂ လကလည်း နျူကလီယားစမ်းသပ်မှုကို တတိယ အကြိမ် စမ်းသပ်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG