သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ဘာ လုံခြုံရေး မဟာဗျူဟာသစ် အမေရိကန်ချပြ


သတင်းစာရှင်းလင်းပွဲအတွင်း မဟာဗျူဟာသစ်ကို အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုဒါ ချပြ (၂၀ ဖေဖော်ဝါရီလ ၂၀၁၃)
သတင်းစာရှင်းလင်းပွဲအတွင်း မဟာဗျူဟာသစ်ကို အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုဒါ ချပြ (၂၀ ဖေဖော်ဝါရီလ ၂၀၁၃)
အင်တာနက်ပေါ်မှာ ထိုးဖောက် ဝင်ရောက်သူတွေ၊ သူလျှို ထောက်လှမ်း သူတွေ သိသိသာသာ တိုးများလာတာကြောင့် တန်ပြန်ဖို့ မဟာဗျူဟာ သစ်တရပ်ကို အမေရိကန် ပြည်ထောင်စုက ချပြလိုက်ပါတယ်။

ဒီမဟာဗျူဟာသစ်ကို အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုဒါ (Eric Holder) မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

နည်းပညာ တိုးတက်လာမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ဖို့ ပိုပြီး လွယ်ကူ လာစေတယ်လို့ ရှေ့နေချုပ် အဲရစ် ဟိုဒါ (Eric Holder) က သတိပေး ပြောသွားပါတယ်။

မဟာဗျူဟာ သစ်အရဆိုရင် အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထား တိုက်ခိုက်သူတွေ ၊နိုင်ငံတွေ ကို ကုန်သွယ်ရေးအရ အရေးယူမှုတွေ ဒဏ်ခတ်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေ ခိုးယူ ခံရတာကြောင့် ပြီးခဲ့တဲ့ တနှစ်ထဲမှာတင် အမေရိကန် ကုမ္ပဏီတွေ ဒေါ်လာ သန်း ၃ သိန်းဖိုး ဆုံးရှုံး နစ်နာခဲ့တယ်လို့ အမေရိကန် လွှတ်တော်အမတ် တချို့ က ခန့်မှန်းထားပါတယ်။

အများစု ဖြစ်ရပ်မှာတော့ တရုတ် ဆိုက်ဘာ သူလျှိုတွေက ထိုးဖောက် ခိုးယူတာကြောင့် ဖြစ်ပါ တယ်။ နှစ်ပေါင်းများစွာကြာအောင် အမေရိကန် ကုမ္ပဏီတွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေ ခံရတာဟာ တရုတ် စစ်ထောက်လှမ်းရေးနဲ့ ဆက်စပ်နေတယ်လို့ အစီရင်ခံစာတစောင် ထွက်လာ ပြီးနောက်၊ အခုလို အမေရိကန်ဘက်က မဟာဗျူဟာသစ်တရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီအစီရင်ခံဟာ တကယ့် အချက်အလက်ကို အခြေခံ ထားတာမဟုတ်ပါဘူး။ သက်သေပြစရာ အထောက်အထား မရှိပါဘူး ဆိုပြီးတော့ အစီရင်ခံစာ ကို ဝေဖန်သွားပါတယ်။
XS
SM
MD
LG