သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ကူးစက်ခံရသူ အမေရိကန် နှစ်ဦးကို နေရပ် ပြန်ခေါ်ဖို့ ကြိုးပမ်း


Ebola ဖြစ်ပွားနေတဲ့ ဒေသက ကျန်းမာရေးဝန်ထမ်းများ။
Ebola ဖြစ်ပွားနေတဲ့ ဒေသက ကျန်းမာရေးဝန်ထမ်းများ။

Ebola ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဖျားနာနေတဲ့ လစ်ဗေးရီယားရှိ အမေရိကန်နှစ်ဦး ကို အမေရိကန်ပြန်ခေါ်နိုင်ဖို့ CDC ရောဂါထိန်းချုပ်ရေး ကာကွယ်ရေးဌာနတွေနဲ့ အတူ ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့ကို ပြန်လည်ခေါ်ထုတ်နိုင် မယ့် ဖြစ်နိုင်ခြေတွေ ကူညီဆောင်ရွက်သွားဖို့ လစ်ဗေးရီယားနိုင်ငံကို ထိပ်တန်းဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတဦး စေလွှတ် လိုက်ပြီလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောခဲ့ပါတယ်။

Texas က ဆရာဝန်ဖြစ်သူ Dr.Kent Brantly နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က သာသနာပြု Nancy Writebol တို့နှစ်ဦးစလုံးဟာ လစ်ဗေးရီယား ဆေးရုံတရုံမှာ Ebola လူနာသည်တွေကို အကူအညီပေးနေရင်းနဲ့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ ရတာဖြစ်ပါတယ်။

သူတို့ကို ပြန်ခေါ်ထုတ်မယ်ဆိုရင် သတိပြုရမယ့် အချက်အားလုံးကို စူးစမ်းလေ့လာနေပြီး၊ သယ်လာတဲ့လမ်းမှာရော အမေရိကန်ပြည်ထောင်စုရောက် ရင်ရော သူတို့ကို သီးခြား ခွဲထုတ်ထားမှာဖြစ်တယ် လို့လည်း နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အခု လစ်ဗေးရီးယားမြို့တော်မှာရှိပြီး၊ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။

XS
SM
MD
LG