သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဆိုင်ဘာ ထိုးဖေါက်မှု ကန် အရေးယူဖို့ ပြင်ဆင်


အမေရိကန်ပြည်ထောင်စုကနေ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေခိုးယူပြီး အကျိုးအမြတ်ရခဲ့ကြတဲ့ ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ် ပိတ်ဆို့မှုလုပ်ပြီး တရုတ်နိုင်ငံရဲ့ အင်တာနက် online ပေါ်က cyber သူလျှိုလုပ်ထောက်လှမ်းမှုကို အမေရိကန်အစိုးရက တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ Washington Post သတင်းစာ က တနင်္ဂနွေနေ့မှာ သတင်းဖော်ပြပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှု လုပ်မလုပ်တော့ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာပဲ ဆုံးဖြတ်ချက်ကျလိမ့်မယ်လို့ အမေရိကန်အစိုးရ အဖွဲ့ထဲက အရာရှိတယောက်ကို အမည်မဖော်ဘဲ ကိုးကားပြီး Washington Post သတင်းစာ မှာ ပြောထားပါတယ်။ အမေရိကန် အဖွဲ့အစည်းတွေကို online ပေါ်က ထိုးဖောက်ဝင်ရောက်တာ၊ ဘဏ္ဍာရေးအကျိုးအမြတ်အတွက် သတင်းအချက်အလက်တွေရရှိတာတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ဘယ်သူ့ကိုမဆို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့၊ ငွေအသွင်းအထုတ်လုပ်လို့မရအောင် ပိတ်ဆို့ဖို့အတွက် ရှေ့နေချုပ်နဲ့ နိုင်ငံခြားရေးဌာနတို့ကို တိုင်ပင်ပြီး သမ္မတ Obama က ဧပြီလ ၁ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရဲ့ cyber လုံခြုံရေး အန္တရာယ်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ ဖေဖော်ဝါရီလမှာ ပြည်ထောင်စု စုံစမ်းရေးအဖွဲ့သစ်တခု ဖွဲ့စည်းခဲ့တာနဲ့ ကုမ္ပဏီတွေ ကလည်း online ပေါ်ကထိုးဖောက်ခံရတာနဲ့ ပတ်သြတ်ပီး အစိုးရနဲ့ရော အချင်းချင်းရောကြားမှာပါ သတင်းအချက်အလက်တွေကို ဝေမျှကြဖို့ တွန်းအားပေးတဲ့ သမ္မတ အမိန့်ထုတ်ပြန်တာအပါအဝင် ဒီကိစ္စက အမေရိကန်အစိုးရ ဒီနှစ် အလေးထားလုပ်ဆောင်တဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီလို cyber ပစ်မှုကျူးလွန်သူတွေကို ရင်ဆိုင်ဖို့ - ပြည့်စုံတဲ့မဟာဗျူဟာလို့ Washington Post သတင်းစာက- ကိုးကားတဲ့ အရာရှိကပြောတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုလုပ်မယ့်နည်းက အရင်တုံးက လုပ်ပုံလုပ်နည်းတွေနဲ့ မတူတဲ့ အမေရိကန်အစိုးရရဲ့ တုံ့ပြန်ပုံနည်းသစ်ဖြစ်မှာပါ။

သတင်းစာက ကိုးကားတဲ့ နောက်အမေရိကန်အရာရှိတဦးကတော့ စီးပွားရေးဆိုင်ရာ သူလျှိုလုပ် ထောက်လှမ်းမှုတွေကို အမေရိကန်အစိုးရက ပြန်တိုက်ခိုက်မယ်၊ ကုမ္ပဏီတွေအနေနဲ့လည်း အစိုးရရဲ့ ထောက်ပံ့အားပေးမှုရမယ်ဆိုတာ ဒီဒဏ်ခတ်ပိတ်ဆို့မှု လုပ်ရပ်က ပြသတာပဲလို့ ပြောပါတယ်။

တရုတ်သမ္မတ Xi Jinping စက်တင်ဘာလမှာ အလည်အပတ်ရောက်ရှိပြီး သမ္မတ Obama ကလည်း နိုင်ငံတော် ညစာစားပွဲနဲ့ တည်ခင်းဖို့ ရှိနေတဲ့ အချိန်မှာပဲ အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်တဲ့ အခြေအနေတရပ်ဖြစ်လာတာပါရှင်။

XS
SM
MD
LG