သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Obama ကင်ညာခရီးစဉ် မြန်မာနဲ့ ကာကွယ်


အမေရိကန်သမ္မတ ကင်ညာရောက်ရှိ။ (ဇူလိုင် ၂၄၊ ၂၀၁၅)
အမေရိကန်သမ္မတ ကင်ညာရောက်ရှိ။ (ဇူလိုင် ၂၄၊ ၂၀၁၅)

နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC က စုံစမ်းစစ်ဆေးနေတဲ့သူတချို့ အစိုးရအဖွဲ့ထဲမှာ ရှိနေတဲ့ ကင်ညာနိုင်ငံဆီ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမား သွားရောက်တာနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကို ဖြေဆိုတာမှာ သမ္မတအိုဘားမားက မြန်မာနိုင်ငံကို နမူနာပေး ပြောဆိုခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုတာနဲ့ ထိတွေ့ဆက်ဆံတာကို ပေါင်းစပ် လုပ်ဆောင်တဲ့အခါ မိမိတို့အတွက် အကောင်းဆုံး အခွင့်အလန်း ရလာပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအတွက် လုပ်ပိုင်ခွင့် ပွင့်လာတာကို တွေ့ခဲ့ရတယ်လို့ သမ္မတအိုဘားမားက ပြောပါ တယ်။ သမ္မတအိုဘားမားဟာ အရှေ့အာဖရိကဒေသ ခရီးစဉ်မတိုင်ခင် BBC သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ အဲဒီလို ပြောထားတာပါ။

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးအတွက် အလားအလာတချို့ ရှိလာပြီလို့ မြင်တဲ့အချိန်၊ အမေရိကန်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး ရောက်သွားချိန်မှာ မြန်မာနိုင်ငံဟာ ဘယ်လိုပုံမျိုးနဲ့မှ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတခု မဖြစ်သေးပါဘူး လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒါ့အပြင် သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ရှိနေတုန်းပါပဲလို့လည်း ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ခရီးစဉ်က တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးသမားတွေရဲ့ လုပ်ဆောင်ချက်ကို ခိုင်မာစေခဲ့ပြီးတော့ အတည် ပြု ထောက်ခံပေးခဲ့တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ အဲဒီအခြေအနေက ဒီမိုကရေစီ လမ်းကြောင်းပေါ် ရှေ့ဆက် သွားနိုင်စေခဲ့တယ်လို့ မစ္စတာအိုဘားမားကပြောပါတယ်။

XS
SM
MD
LG