သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေ နှိမ်နင်းရေး သမ္မတအိုဘားမားနဲ့ အီရတ်ဝန်ကြီးချုပ် ဆွေးနွေး


အမေရိကန်သမ္မတ Barack Obama (ယာ) နဲ့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi (ဝဲ) တို့ စက်မှုထိပ်သီး (G7) ညီလာခံကျင်းပရာ ဂျာမနီနိုင်ငံ၊ Kruen မြို့မှာ တွေ့ဆုံကြစဉ်။ (ဇွန် ၈၊ ၂၀၁၅)
အမေရိကန်သမ္မတ Barack Obama (ယာ) နဲ့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi (ဝဲ) တို့ စက်မှုထိပ်သီး (G7) ညီလာခံကျင်းပရာ ဂျာမနီနိုင်ငံ၊ Kruen မြို့မှာ တွေ့ဆုံကြစဉ်။ (ဇွန် ၈၊ ၂၀၁၅)

IS စစ်သွေးကြွတွေကို တိုက်နေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိကြောင်းနဲ့ သူတို့ကိုတိုက်ထုတ်ဖို့ အမေရိကန်က အကူအညီတိုးပေးမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက အီရတ်ဝန်ကြီးချုပ် Haider al-Abadi ကို ဒီကနေ့ပြောကြားလိုက်ပါတယ်။

သမ္မတအိုဘားမားက အီရတ်ဝန်ကြီးချုပ်နဲ့ တနင်္လာနေ့ ဂျာမနီမှာပြုလုပ်တဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံ၊ ပြင်ပဆွေးနွေးပွဲမှာ သီးသန့်တွေ့ဆုံချိန်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရှိခဲ့သလို မအောင်မမြင်ဖြစ်နေတာတွေလည်း ကြုံခဲ့ရပေမယ့် စစ်သွေးကြွတွေကို အီရတ်ကနေ မောင်းထုတ်ဖို့လုပ်ရာမှာ သူတို့ကို အောင်နိုင်မှာဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

အီရတ်စစ်တပ်အတွက် စစ်ကူအဖြစ် တနှစ်နီးပါးကြာ လေကြောင်းထိုးစစ်ဆင်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေဆီက အကူအညီတွေ ပိုပေးဖို့ Mr. Abadi က တောင်းဆိုခဲ့အပြီး သီတင်းတပတ်မပြည့်ခင်မှာပဲဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံ ညီလာခံပြင်ပမှာ သီးသန့် တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေကတော့ စစ်ဆင်ရေးတွေမှာ အောင်မြင်မှုတချို့ ရရှိလာနေတဲ့အတွက် အီရတ်အစိုးရအပေါ် ယုံကြည်မှု ပြသခဲ့ကြပေမယ့် လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေပြန်ရဖို့လုပ်နေတဲ့ အီရတ်ရဲ့ထိုးစစ်တွေမှာ လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားမှုတွေ လိုအပ်နေတယ်လို့ ပြောခဲ့ကြပါတယ်။

တနင်္ဂနွေနေ့တုန်းက အီရတ်တပ်ဖွဲ့တွေဟာ ရေနံချက်စက်ရုံတွေရှိတဲ့ Baiji မြို့ကို တနှစ်တာအတွင်း IS စစ်သွေးကြွတွေလက်ထဲက ဒုတိယအကြိမ် မြောက် ပြန်သိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ IS စစ်သွေးကြွအဖွဲ့တွေဟာ စစ်ဆင်ရေးအတွက် လိုအပ်တဲ့ငွေကြေးရနိုင်ဖို့ ကြိုးပမ်းတဲ့အနေဲ့ Iraq နဲ့ Syria က ရေနံချက်စက်ရုံတွေရှိရာ ဒေသတွေကို အဓိက ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG