သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား လူ့အခွင့်အရေး အိုဘားမား ဝေဖန်


U.S. President Barack Obama, left, poses with Cambodia's Prime Minister Hun Sen
U.S. President Barack Obama, left, poses with Cambodia's Prime Minister Hun Sen
အမေရိကန် သမ္မတ အိုဘားမားဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အမေရိကန် အရာရှိတွေက တင်းမာတယ်လို့ သတ်မှတ်တဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးကို စိုးရိမ်မကင်းကြောင်း ပြောကြားလိုက်ပါတယ်။ ဖနွမ်ပင် မြို့တော်ကို တနလာၤနေ့က ရောက်ရှိလာပြီးနောက် မစ္စတာ အိုဘားမားက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေ ထိမ်းသိန်းထားတဲ့ ကိစ္စတွေကို ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေးပုဂ္ဂိုလ် Ben Rhodes က အဲဒီ ပြသနာတွေဟာ အမေရိကန်- ကမ္ဘောဒီးယား နှစ်နိုင်ငံရဲ့ လေးမြတ်တဲ့ ဆက်ဆံရေး တည်ဆောက်ရေး အတွက် အဟန့်အတားတွေ ဖြစ်နေတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကို သမ္မတ အိုဘားမားက ပြောခဲ့တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယား အရာရှိတွေကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဒီစိုးရိမ်မှုတွေဟာ ပုံကြီးချဲ့ထားခြင်းသာ ဖြစ်တယ်လို့ ပြောကြားကြပါတယ်။ မစ္စတာ ဟွန်ဆန်နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန် သမ္မတဟာ ထိပ်သီး အစည်းအဝေး တက်ရောက်လာတဲ့ အာဆီယံ ခေါင်းဆောင် ၁၀ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ တခြား ဖြစ်စဉ်တခုမှာတော့ အာဆီယံ လူ့အခွင့်အရေး ကြေညာချက်ကို အာဆီယံ ထိပ်သီးတွေ ပြဌာန်းခဲ့ကြပုံနဲ့ ပတ်သက်ပြီး အခွင့်အရေး အဖွဲ့တွေက စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားကြပါတယ်။ အဲဒီ ကြေညာချက်ဟာ လူထုအခွင့်အရေးကို အပြည့်အ၀ မကာကွယ်နိုင်ဘူးလို့ ဆိုကြပါတယ်။ လူထုကို ဆန္ဒပြခွင့် ပြုထားပေမယ့် တိုင်းပြည် တခုရဲ့ လူမှုရေး တည်ငြိမ်မှုကို ထိခိုက်စေမယ်ဆိုရင် ခွင့်မပြုဘူးဆိုတာ တွေ့ရတယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး အဖွဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
XS
SM
MD
LG