သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့ရွမ်မနီ နိုင်ငံတဝန်း မဲဆွယ်လှုပ်ရှား


အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ သီတင်း ၂ ပတ်ပဲလိုတော့တဲ့အချိန်မှာ သမ္မတအိုဘားမားနဲ့ Republican သမ္မတလောင်း Mitt Romney တို့က ဘယ်သူ့ကို မဲပေးရမလဲဆိုတာ မဝေခွဲနိုင်သေးတဲ့ မဲဆန္ဒရှင်တွေကို မဲဆွယ် စည်းရုံးနေကြပါတယ်။

သမ္မတအိုဘားမားက Mr. Romney ဟာ ပထမနဲ့ ဒုတိယအကျော့ စကားစစ်ထိုးပွဲတွေအတွင်း အိုစာမာဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးအပါအဝင် အဓိကကျတဲ့ ကိစ္စရပ်တွေအပေါ် သူ့ရဲ့သဘောထားတွေကို ပြောင်းလဲခဲ့တာ တွေ့ရတယ်လို့ မနေ့က Florida ပြည်နယ် မဲဆွယ်စည်းရုံးပွဲမှာ စွပ်စွဲလိုက်ပါတယ်။

Nevada ပြည်နယ် Las Vegas မြို့မှာ Republican ဒုသမ္မတလောင်း Paul Rylan နဲ့အတူ မဲဆွယ်နေတဲ့ Mr. Romney ကတော့ သမ္မတအိုဘားမားဟာ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုသိပ်မရှိတော့တာကြောင့် သူ့ကို နိုင်ငံရေးအရ ထိုးနှက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

တနင်္လာနေ့ညက ကျင်းပခဲ့တဲ့ သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲမှာ နိုင်ငံခြားရေးမူဝါဒကို အဓိကအခြေအတင် ပြောဆိုခဲ့ကြရာမှာ နှစ်ဘက်စလုံးကအနိုင်ရတယ်လို့ ပြောနေကြပေမဲ့ ထင်မြင်ချက်စစ်တမ်းကောက်ယူတဲ့ အဓိက သုတေသန အဖွဲ့တွေရဲ့ မှတ်တမ်းတွေကတော့ သမ္မတအိုဘားမားအနိုင်ရတယ်လို့ ဆိုကြပါတယ်။

ဒီနေ့ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတအိုဘားမားဟာ Iowa၊ Colorado နဲ့ Florida ပြည်နယ်အပါအဝင် အချိန်မရွေး ဘက်ပြောင်းထောက်ခံနိုင်တဲ့ ပြည်နယ်ခြောက်ခုကို ခရီးဆန့်မှာဖြစ်ပါတယ်။ မစ္စတာ Romney ကတော့ Nevada နဲ့ Iowa ပြည်နယ်မှာ မဲဆွယ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG