သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ


ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပမည့် လွှတ်တော် အဆောက်အဦး။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပမည့် လွှတ်တော် အဆောက်အဦး။
အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် မစ္စတာ ဘရာ့ခ် အိုဘားမားရဲ့ တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့ သီးသန့်အခမ်းအနားကို ဒီကနေ့ တနင်္ဂနွေနေ့ သမ္မတအိမ်ဖြူတော်မှာ ကျင်းပမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်ပါတယ်။ အခုနှစ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် သမ္မတဟာ အစဉ်လာမပျက် လူထုရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆို တာကို ပါလီမန် အဆောက်ဦးရှေ့မှာ တနင်္လာနေ့ကျရင် ထပ်မံပြုလုပ်ပါလိမ့်မယ်။

တနင်္လာနေ့မှာလုပ်မယ့် သမ္မတရဲ့ လူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲဟာ လွန်ခဲ့တဲ့ လေးနှစ်က အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေထဲမှာ ပထမဆုံးသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တုန်းကလို လူနှစ်သန်းလောက်ထိတော့ တက်ရောက်လိမ့်မယ် မဟုတ်ဘူး လို့ ခန့်မှန်းကြပါတယ်။

အခုတကြိမ် လူထုရှေ့မှောက် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ကြမယ့် လူဦးရေ ၈ သိန်းဝန်းကျင် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မစ္စတာ အိုဘားမားအနေနဲ့ တနင်္ဂနွေနေ့ကျရင် အိမ်ဖြူတော်မှာ သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ကျမ်းသစ္စာကျိန်ဆိုမယ့် တရားဝင်အခမ်းအနားကို သမ္မတကတော် မီရှဲလ် အိုဘားမားနဲ့ မိသားစုဝင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။
XS
SM
MD
LG