မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု လုပ်မယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုကို ကြိုတင် အသိပေးခဲ့တယ်လု့ိ သိရပါတယ်။ ဒါပေမဲ့လည်း ဘယ်အချိန်မှာ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု လုပ်မယ်ဆိုတာကို မြောက်ကိုရီးယားဘက်က အသေးစိတ် ပြောတာမျိုး မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန် (Victoria Nuland) က ပြောပါတယ်။
ဘယ်အချိန်တုန်းက အခုလို အသိပေးတာလဲဆိုတာကိုတော့ မပြောပါဘူး။ အင်္ဂါနေ့ အစောပိုင်းက တတိယအကြိမ် နျူကလီးယား
စမ်းသပ်မှုကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့တာပါ။ သူ့အဆိုအရ အမေရိကန်ပြည်ထောင်စုရဲ့ မဆင်မခြင် ရန်လိုမှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို မြေအောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ခဲ့တာလို့ မြောက်ကိုရီးယား က ပြောပါတယ်။ မြောက်ကိုရီးယား
အနေနဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေကို ရပ်ဖို့၊ မြောက်ကိုရီးယားကို ထိထိရောက်ရောက် အရေးယူရေး အမေရိကန် ပြည်ထောင်စုက တိုက်တွန်းနေတာပါ။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ဟာ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) နဲ့ ဖုန်းစကားပြောပြီး မြောက်ကိုရီးယားရဲ့ အခုလို နျူကလီးယား စမ်းသပ်မှုအပေါ် အတူတကွ တုံ့ပြန်ဖို့ ဆွေးနွေးခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးလက်နက် အစီအစဉ်ကို တားမြစ်ရေး နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆောင်ရွက်သွားဖို့ သဘောတူခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်ရှင်။