သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI ညွှန်ချုပ်သစ် အထက်လွှတ်တော် အတည်ပြု


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရွေးချယ် အဆိုပြုတဲ့ FBI ညွန်ကြားရေးမှူး James Comey ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ တနင်္လာနေ့က ၉၃ မဲ ၁ မဲနဲ့ အထက်လွှတ်တော်အမတ်တွေက တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်သမားတွေ တိုက်ခိုက် မခံရခင်ကစလို့ FBI အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ Robert Mueller ရဲ့နေရာကို James Comey က တာဝန်ယူမှာ ဖြစ်ပါတယ်။

ဒီရာထူးအတွက် အဆိုပြုချက်ကို Republican အထက်လွှတ်တော်အမတ် Rand Paul က နှောင့်နှေးအောင် နည်းဗျူဟာ သုံးခဲ့ပြီးတဲ့နောက် အခုလို လွှတ်တော်က တညီတညွတ်ထဲ အတည်ပြု ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Rand Paul က အမေရိကန် ပြည်တွင်းမှာ မောင်းသူမဲ့ Drone လက်နက် အသုံးပြုမှုကို စိုးရိမ်ပူပန်တဲ့အချက်နဲ့ မဲခွဲဆုံးဖြတ်မှုကို ပိတ်ပင်ခဲ့တာပါ။ ဒီရာထူးအတွက် သူတဦးထဲပဲ ဆန့်ကျင်မဲ ပေးခဲ့တာဖြစ်ပါတယ်။

Republican ဖြစ်တဲ့ James Comey ဟာ ဒုတိယ ရှေ့နေချုပ်အဖြစ် သမ္မတ George W Bush လက်ထက်က တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
XS
SM
MD
LG