သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ထောက်လှမ်းရေး ဥပဒေကိစ္စ အထက်လွှတ်တော်မှာ အခြေအတင် ဆွေးနွေးနေ


CIA အကြီးအကဲ John Brennan
CIA အကြီးအကဲ John Brennan

အမျိုးသားလုံခြုံရေးအတွက် စောင့်ကြည့်ထောက်လှမ်းတဲ့ အစီအစဉ်ကို သက်တမ်း ထပ်တိုးသင့်သလား၊ ဒါမှမဟုတ် ဒေသစံတော်ချိန် မေလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် အဲဒီ အစီအစဉ်ကို သူ့အလိုလို သက်တမ်းကုန်သွားအောင် ဘာမှမလုပ်ပဲ ထားလိုက်သင့်သလား ဆိုတဲ့ ကိစ္စအပေါ် အမေရိကန် အထက်လွှတ်တော်မှာ တနင်္ဂနွေနေ့က အရေးပေါ် စည်းဝေးပွဲ စတင်နေပြီ ဖြစ်ပါတယ်။

စောင့်ကြည့် ထောက်လှမ်းတဲ့လုပ်ငန်းတွေ ရပ်တန့်သွားတာကို အခွင့်ကောင်းယူနိုင်ဖို့အတွက် ကမ္ဘာ့တဝှမ်းမှာရှိတဲ့ အကြမ်းဖက်သမားတွေက စောင့်ကြည့် နေကြတယ်လို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက သတိပေးပြောကြားပြီး နာရီပိုင်းအကြာမှာပဲ လွှတ်တော်အမတ်တွေဟာ ဝါရှင်တန် ဒီစီမြို့တော်မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ဒီ စောင့်ကြည့် ထောက်လှမ်းတဲ့အစီအစဉ်ကို အထက်လွှတ်တော်အနေနဲ့ သက်တမ်းတိုးပေးသင့်ကြောင်း တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသတဲ့ CBS ရုပ်မြင်ကြားနဲ့ ပြုလုပ်ထားတဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း CIA ဗဟိုထောက်လှမ်းရေးဌာန အကြီးအကဲ John Brennan က ပြောကြားလိုက်တာပါ။

အဲဒီလို သက်တမ်းတိုးလိုက်ခြင်းအားဖြင့် - အမေရိကန်နိုင်ငံအပေါ် ပြုလုပ်လာနိုင်ခြေရှိတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တွန်းလှန်ရေးမှာ အထောက် အကူ ပြုစေမယ့် အမေရိကန်နိုင်ငံသားတွေနဲ့ အကြမ်းဖက်သမားလို့ မသင်္ကာရသူတွေရဲ့ တယ်ဖုန်း ပြောဆိုမှုတွေကို မှတ်တမ်းတင်ထားနိုင်တဲ့ အမျိုးသား လုံခြုံရေးအေဂျင်စီရဲ့ အစီအစဉ်တွေကို ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အထက်လွှတ်တော်အနေနဲ့ သက်တမ်းတိုးမလား၊ ဒါမှမဟုတ် ပြင်ဆင် ဖြည့်စွက်မလားဆိုတာတော့ မသေချာသေးပါဘူး။

XS
SM
MD
LG