သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ အာဆီယံ အမတ်တွေ မြန်မာရွေးကောက် ပွဲကို စိုးရိမ်စိတ်နဲ့ ကြိုဆို


ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ်များရဲ့ခေါင်းဆောင် Mitch McConnell။
ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ်များရဲ့ခေါင်းဆောင် Mitch McConnell။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေ ဟာ မြန်မာခေါင်းဆောင်တွေအနေနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ပေးထားတဲ့ကတိတွေအတိုင်း လုပ်ဆောင်ဖို့ အခွင့်အလန်းတခုဖြစ်တယ်လို့ အမေရိကန်အောက်လွှတ်တော်၊ ဒီမိုကရက်တစ်အုပ်စုရဲ့ ဒုတိယဥက္ကဌ၊ မြန်မာ့အရေး အောက်လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဂျိုး ခရိုလီ (Joe Crowley) ကပြောလိုက်ပါတယ်။

ဒါပေမဲ့လဲ လွှတ်တော်တွင်းမှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဗီတိုအာဏာကို ဆက် ရယူထားပြီး အထင်ရှားဆုံး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာအောင် တားဆီးထားတာကို ဆက်ပြီးထိန်းထားဖို့ မြန်မာစစ်ဘက်က မကြာသေးခင်ကပဲ ဆုံးဖြတ်ခဲ့တာတွေကတော့ သတိပေးချက်တခုဖြစ်လာတယ်လို့ မစ္စတာခရိုလီရဲ့ ဇူလိုင်လ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေက ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ မျှတမှုနဲ့ ယုံကြည်ကိုးစားရမှုတို့ကို ထိခိုက် ပျက်စီးစေတာောကာင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ အောက်လွှတ်တော်အမတ် ဂျိုး ခရိုလီက တိုက်တွန်းထားပါတယ်။
တခါ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်များရဲ့ခေါင်းဆောင် Mitch McConnell ကလဲ နိုဝင်ဘာ ရွေးကောက်ပွဲတွေ မတိုင်ခင် မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးနဲ့ လျှော့ပေါ့ချက်တွေ မပေးသင့်သေးဘူးလို့ ပြောလိုက်ပါတယ်။

အခြေခံဥပဒေမှာ အပြောင်းအလဲတွေ မလုပ်နိုင်အောင် ပိတ်ဆို့ ဟန့်တားခဲ့တဲ့ အတွက်လဲ အရပ်သားတပိုင်း မြန်မာအစိုးရကို မစ္စတာမက်က်ကွန်းနဲလ်က အပြင်းအထန် ဝေဖန်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ ကိုပေးတဲ့ အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ အကျိုးခံစားခွင့်တွေ အပါအဝင် ဆက်ဆံရေးပုံမှန်ပြန်တည်ဆောက် ဖို့ နောက်ထပ် လုပ်ဆောင်ချက်တွေ ကို ရွေးကောက်ပွဲပြီးတဲ့အထိ ဆိုင်းထားသင့်တယ်လို့ မစ္စတာမက်က်ကွန်းနဲလ်ကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာတဲ့အပေါ် အရှေ့တောင်အာရှနိုင်ငံ ASEAN လွှတ်တော်အမတ်တွေက ကြိုဆိုပေမဲ့ စိုးရိမ်မှုတချို့ရှိနေတယ်လို့ ဇူလိုင်လ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနိုင်ငံလုံးမှာ ရွေးကောက်ပွဲလုပ်တာ တခုထဲနဲ့တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အာမခံချက်ပေးဖို့ လုံလောက်မှာမဟုတ်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ASEAN လွှတ်တော်အမတ်များအဖွဲ့ APHR က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေတွေ ပြဌာန်းတာကို APHR အဖွဲ့က ထောက်ပြပါတယ်။ အဲဒီဥပဒေတွေဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ နောက်ပြန်ဆုတ် သွားတာကိုပြနေတယ်လို့ APHR က သတိပေး ထားပါတယ်။

XS
SM
MD
LG