သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden အီကွေဒေါမှာ ခိုလှုံခွင့်လျှောက်


ဟောင်ကောင် မြို့လယ်နေရာတခုမှာ Snowden အကြောင်း တီဗွီဖန်သားပြင်ပေါ်မှာပြသနေစဉ်။ (ဇွန်လ ၂၃ ရက်၊ ၂၀၁၃)။
ဟောင်ကောင် မြို့လယ်နေရာတခုမှာ Snowden အကြောင်း တီဗွီဖန်သားပြင်ပေါ်မှာပြသနေစဉ်။ (ဇွန်လ ၂၃ ရက်၊ ၂၀၁၃)။
အမေရိကန်အစိုးရရဲ့ ပြည်တွင်းတယ်လီဖုန်း ဆက်သွယ်မှုနဲ့ အင်တာနက် သုံးစွဲမှုတွေအပေါ် စောင့်ကြည့်နားထောင်တဲ့ အစီအစဉ်ကို ပေါက်ကြားအောင် ဖော်ထုတ်ခဲ့သူ အရင်ထောက်လှန်းရေး ဝန်ထမ်းဟောင်းဟာ ဟောင်ကောင်မှာ ခိုလှုံနေရာကနေ လေယာဉ်နဲ့ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အခု အီကွေဒေါနိုင်ငံ မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး NSA ရဲ့ ဝန်ထမ်းဟောင်းတဦးဖြစ်သူ Edward Snowden ရဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားလွှာကို အီကွေဒေါအစိုးရက လက်ခံရရှိခဲ့တယ်လို့ အီကွေဒေါနိုင်ငံခြားရေး ဝန်ကြီး Ricardo Patino က သူ့ရဲ့ Twitter စာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

ထောက်လှန်းရေးလျို့ဝှက် သတင်းတွေကို ဖော်ထုတ်တဲ့ Wikileaks အဖွဲ့ကတော့ Snowden ဟာ သူတို့ အဖွဲ့ရဲ့ တရားရေး အကြံပေးတွေနဲ့ အမည်မဖော်လိုတဲ့ သံတမန်တွေလိုက်ပါပြီး ဟောင်ကောင်ကနေ မော်စကိုကို တနင်္ဂနွေနေ့မှာ လေယာဉ်ပျံနဲ့ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ Snowden ကို အမေရိကန်အစိုးရ ရဲ့ နိုင်ငံခြားရေး မူဝါဒကို ပြင်းပြင်း ထန်ထန်ဝေဖန်နေတဲ့ လက်တင်အမေရိက နိုင်ငံတနိုင်ငံ ဖြစ်တဲ့ အီကွေဒေါ (Ecuador) နိုင်ငံရောက်တဲ့အထိ စောင့်ကြပ် ခေါ်ဆောင်သွားမယ်လို့ လည်း ပြောပါတယ်။

အမေရိကန်အစိုးရကတော့ Snowden ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲလိုက်ပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံကို ပြန်အပို့မခံရအောင် ဟောင်ကောင်ကနေ မော်စကို ကိုသွားရောက်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်သစ္စာဖောက်တဲ့ သူလျိူမှုနဲ့ တရားစွဲဆိုခံနေရတဲ့ Snowden ကို ဘယ်နိုင်ငံကမှ ခရီးသွားခွင့် မပေးသင့်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jan Psaki ကပြောပါတယ်။
XS
SM
MD
LG