သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ကိုရီးယား စစ်ရေးအရ တိုးမြှင့်ဆက်ဆံဖို့ သဘောတူ


မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့
တောင်ကိုရီးယားနိုင်ငံကို ပိုမို အကာအကွယ် ပေးနိုင်ဖို့အတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍကို တိုးချဲ့ရေး ခွင့်ပြုတဲ့ နှစ်နိုင်ငံ သဘောတူစာချုပ် တရပ်ကို အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

သဘောတူညီချက် သဝဏ်လွှာကို တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျောင် စယွန်ယိုး (Juang Seun-jo) နဲ့
တောင်ကိုရီးယား နိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဗိုလ်ချုပ် ဂျိမ်းစ် သူ(ရ်)မန် (James Thurman) တို့က သောကြာ နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ခြိမ်းခြောက်မှုအပေါ် ပူးတွဲတုံ့ပြန်ရေးအစီအစဉ်အရ မြောက်ကိုရီးယား ဘက်က ရန်လိုတဲ့ အပြုအမူ မှန်သမျှကို တောင်ကိုရီးယားတပ်ဖွဲ့ တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ အမေရိကန်တပ်ဖွဲ့တွေက ကူညီမှု ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး စစ်ရေးအရ အရေးယူဆောင်ရွက်မှု
တွေ ပြုလုပ်တဲ့နေရာမှာ တောင်ကိုရီးယား စစ်တပ်ကသာ ဦးစီးတာဝန်ယူ လုပ်ဆောင်ရ တာဖြစ်ပြီး၊ အပြည့်အ၀ စစ်ဖြစ်ပြီ ဆိုမှာသာ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပါဝင်စေခဲ့ တာ ဖြစ်ပါတယ်။
XS
SM
MD
LG