သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသစခန်းထဲမှာ အမိုးနီးယားယိုစိမ့်


နိုင်ငံတကာ အာကာသစခန်း။
နိုင်ငံတကာ အာကာသစခန်း။
ကမ္ဘာပတ်လမ်းကြောင်းထဲကနိုင်ငံတကာ အာကာသစခန်းရဲ့ ဓာတ်ခွဲခန်းကနေ အမိုးနီးယား (ammonia) ဓာတ်ငွေ့ ယိုစိမ့်နေတာတွေ့ခဲ့ရတာကြောင့် အာကာသယာဉ်မှူးတွေ အရေးပေါ် အာကာသယာဉ် အပြင်ကိုထွက်ပြီး ဒါကို ပြန်ပြင်ဖို့ ကြိုးစားနေကြပါတယ်။ သောကြာနေ့က တွေ့ရှိခဲ့တဲ့ ဒီယိုစိမ့်မှုဟာ စိုးရိမ်စရာအခြေအနေ ဖြစ်ပေမဲ့ အာကာသယာဉ်မှူး ၆ ဦးက ဒီအခြေအနေကို ထိန်းသိမ်းဆောင်ရွက်ထားနိုင်တယ်လို့ အာကာသစခန်း အကြီးအကဲ ကနေဒါနိုင်ငံသား Chris Hadfield က ပြောပါတယ်။

ဒီယိုစိမ့်မှု ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဒီယိုစိမ့်မှုကို ပြန်ပြင်နိုင်ဖို့အတွက် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦးဖြစ်တဲ့ Chris Cassidy နဲ့ Tom Marshburn တို့ အာကာသယာဉ်ထဲက ထွက်ပြီး စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ အကြောင်း Chris Hadfield က သူ့ရဲ့ အင်တာနက်လူမှုကွန်ယက် Twitter မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ NASA ကတော့ အခြေအနေဟာ အာကာသယာဉ်မှူးတွေ အတွက် စိုးရိမ်စရာမရှိဘဲ အာကာသစခန်းဟာလည်း ပုံမှန်လည်ပတ်နေတယ်လို့ ဆိုပါတယ်။

အာကာသစခန်းမှာ အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှုရှိတဲ့အကြောင်းကို အာကာသယာဉ်မှူးတွေက ကြာသပတေးနေ့က အကြောင်းကြားခဲ့တာပါ။ Texas ပြည်နယ် ဟူစတန်မြို့မှာရှိတဲ့ NASA ကွပ်ကဲရေးစခန်းက အာကာသယာဉ် ထိန်းချုပ်ရေးဌာနတွေကို ဒီယိုစိမ့်မှု ပြဿနာနဲ့ပတ်သက်လို့ အာကာသစခန်းအကြီးအကဲ Hadfield က ရှင်းပြခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG